Fried Noodle with Prawn (ပုစွန်ခေါက်ဆွဲကြော်)

by Ko Win Zaw @ Mario Win Zaw for Food Magazine

          ခေါက်ဆွဲကြော်ကို လူတိုင်းစားနေကြပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အရည်ခြောက်လေးနှင့် ဆီများများသုံးပြီး ကြော်တာကို တွေ့ရတယ်။ စင်ကာပူနှင့် တရုတ်ပြည်မတွေမှာတော့ ဆီနည်းပြီး အရည်နည်းနည်းပါနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ပိုပြီးကြိုက်လို့ ဒီပုံစံလေး လုပ်ပြချင်တာပါ။

ပါဝင်ပစ္စည်းများ

ခေါက်ဆွဲ  –  ၂၀ဝ ဂရမ်

ပုစွန်  –  ၅ ကောင်

တရုတ်ဂေါ်ဖီ  –  အနည်းငယ်

ထိုင်ဝမ်မုန်ညင်း  –  ၂ ပင်

မုန်လာဥနီ  –  အနည်းငယ်

ကုဆိုင်  –  အနည်းငယ်

တရုတ်နံနံ  –  ၁ ပင်

ခရုဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ငရုတ်ကောင်း  –  သင့်တော်ရုံ

ပဲငံပြာရည်  –  ခပ်ပါးပါး

ကြက်ဥ  –  ၁ လုံး

ကြက်ရိုးပြုတ်ရည်  –  ၁၅၀ ဂရမ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  –   ထမင်းစားဇွန်း ၇ ဇွန်း

ပြုလုပ်နည်း

          ဦးစွာ ကြော်မည့်အိုးကို အပူပေး၍ ကြက်ဥနှင့် ပုစွန်တို့ကို ရောကြော်ပါ။ အသီးအရွက်နှင့် အရသာများထည့်ပြီး ကြက် ရိုးပြုတ်ရည်ထည့်၍ အရသာမြည်းပါ။ စိတ်ကြိုက်ဖြစ်မှ ခေါက်ဆွဲထည့်မွှေပါ။ အရည်လေးခန်း၍ ခပ်ပါးပါးလေး ကျန်တော့မှ ပန်းကန်ထဲ ထည့်ပါ။ သတိပြုရမည်မှာ ခေါက်ဆွဲ ထည့်ပြီး အကြာကြီးကြော်နေလျှင် ကျိုးကြေသွားတတ်ပါတယ်။

Facebook Comments