Fisherman Soup (တံငါသည်ဟင်းချို)

 by Win Zaw @ Mario Win Zaw for Food Magazine

          ဒီအစားအစာကတော့ နာမည်နှင့်လိုက်အောင် ရေနှင့်နီးတဲ့သူတွေ အများဆုံး စားသုံးကြပါတယ်။ ယောကျာ်းက ငါးဖမ်းအပြန်မှာ ဇနီးသည်ကို ဟင်းချက်ဖို့ ပေးလိုက်တော့ အိမ်နောက်ဖေးမှာရှိတဲ့ ခရမ်းချဉ်သီးလေးတွေနှင့် ပါလာတဲ့ ငါး၊ ပုစွန်ကို ချက်လိုက်တော့ စားကောင်းတဲ့ ဟင်းချိုတစ်ခွက် ဖြစ်သွားတာပေါ့။ ယခုဆို စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာပါ ရောင်းကောင်းနေပါပြီ။ အခုတော့ ပုံစံလေးတစ်မျိုး လုပ်ထားတာပါ။

ပါဝင်ပစ္စည်းများ

Fish Fillet (ငါးအသားလွှာ)  –  ၃၀ ဂရမ်

Prawn (ပုစွန်)  –  ၇ ကောင်

Squid (ပြည်ကြီးငါး)  –  ၃၀ ဂရမ်

Paprika Powder (ငရုတ်မှုန့်)  –  သင့်တော်ရုံ

Tomato (ခရမ်းချဉ်သီး)  –  ၄ လုံး

Capsicum (ပန်းငရုတ်ပွ)  –  အနည်းငယ်

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  အနည်းငယ်

Garlic Chop (ကြက်သွန်ဖြူ)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Sweet Basil (အီတလီပင်စိမ်း)  –  အနည်းငယ်

Olive Oil (သံလွင်ဆီ)  –  စားပွဲဇွန်း ၁ ဇွန်း

Fish Stock (ငါးအရိုးပြုတ်ရည်)  –  ၂၀ဝ ဂရမ်

Onion Cube (ကြက်သွန်နီ)  –  ၁ လုံး

ပြုလုပ်နည်း

၁။       ပထမဆုံး ခရမ်းချဉ်သီးကို ပြုတ်ပြီး အခွံနွှာကာ ကြိတ်ထားပါ။ အသားများကို ရေနွေးဖျောထားပါ။

၂။       အိုးတစ်အိုးကို အပူပေး၊ ကြက်သွန်ဖြူ ဆီသတ်ပြီး ခရမ်းချဉ်သီးကြိတ်ပြီးသားများ ရောထည့်ပါ။ ငါးအရိုးပြုတ်ရည် ထည့်ပြီး အရသာများထည့်ပါ။ လှီးဖြတ်ထားသော ပန်းငရုတ်ပွနှင့် ကြက်သွန်နီ ထည့်ပါ။

၃။       အသားများကို ရောထည့်ပါ။ အရသာက ခရမ်းချဉ်သီးအရသာလေးပေါ် ပြီး အနည်းငယ် စပ်နေပါမယ်။ အီတလီပင်စိမ်းလေးလည်း သင်းနေမယ်ဆိုရင် ကောင်းသွားပြီပေါ့။

Facebook Comments