Cumin Beef Fried Rice

by Hsu Myat Oo for Food Magazine

          အရှေ့အလယ်ပိုင်း ဖျူးရှင်းအရသာလေးရှိတဲ့ မြန်မြန်ဆန်ဆန်ကြော်စားလို့ရမယ့် ထမင်းကြော်လေးဖြစ်ပါတယ်။ အမဲသားနေရာမှာ တခြားကြိတ်သားတွေကို သုံးမယ်ဆိုရင်လည်း ရပါတယ်နော်။ ဇီရာအနံ့သင်းသင်းလေးနဲ့ သုံးဆောင်နိုင်မှာဖြစ်ပြီး အချဉ်သုပ်လေးတစ်မျိုးမျိုးနဲ့ တွဲစားမယ်ဆိုရင် ပိုကောင်းမယ်လို့ပြောရင်း ကြော်စားလိုက်ကြရအောင်…။

ပါဝင်ပစ္စည်းများ

အမဲသားကြိတ်သား  –  ၂၀ဝ ဂရမ်

ဇီရာစေ့  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကြက်သွန်နီ  –  ၁ လုံး

ချင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

ထမင်း  –  ၅၀ဝ ဂရမ်

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ် (ပါးပါးလှီးထားပါ)

ဆီ  –  ကြော်ရန်

ပြုလုပ်နည်း

၁။       အမဲသားကြိတ်သားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် ရောနယ်ပြီး ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ ချင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို နုပ်နုပ်စဉ်းထားပါ။ ထမင်းကို ဖွထားပါ။

၂။       ကြော်မည့်အိုးထဲ ဆီထည့်ပြီး ဆီပူပြီဆိုလျှင် အမဲသားထည့်ပြီး ကျက်သွားသည်အထိ ကြော်ပါ။ လုံးမသွားအောင်  သေချာခြေထားပါ။ ပြီးလျှင်  ခဏဘေးဖယ်ထားပါ။

၃။       အိုးထဲ ဆီထည့်ပြီး ဇီရာစေ့ထည့်၍ မွှေပါ။ ဇီရာအနံ့လေးမွှေးလာပြီဆိုလျှင် ချင်း၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထည့်ပြီး ကြော်ပါ။ အမဲသားထည့်ပါ။ အမဲသားကို ဘေးနားကပ်ထားပြီး ကြက်ဥထည့်ပြီး ကြော်ပါ။ ထမင်းထည့်ပြီး သေချာလေး သမအောင် ရောမွှေပါ။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သားမှုန့်တို့ကို ထည့်ပြီး အရသာ မြည်းပါ။ ကြက်သွန်မြိတ်ဖြူးပြီး ပြင်ဆင်နိုင်ပါပြီ။

Facebook Comments