Crispy Pork Belly (ဝက်ဗိုက်သားအြွကပ်)

by Win Zaw @ Mario Win Zaw for Food Magazine

အဲဒီဝက်ဗိုက်သားအြွကပ်ကင်ကတော့ တရုတ်တွေ အလွန်ကြိုက်တဲ့ အစားအစာလေးပါ။ ပါဝင်ပစ္စည်းလည်း မများတဲ့အပြင် လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းမျာ

ဝက်ဗိုက်သား  –  ၁ ပိဿာ

ဆား  –  ၅၀ ဂရမ်

ရှာလကာရည်  –  ၅၀ ဂရမ်

Five Spice မှုန့်  –  ၂၀ ဂရမ်

ငရုတ်ကောင်း  –  ၂၀ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ ဝက်သားကို ရေနွေးအိုးထဲ ဆားထည့်ပြီး အပေါ်ကြောတင်းလာအောင် ပြုတ်ပါ။

၂။       ပြီးလျှင် စူးချွန်ဖြင့် အရေခွံကို ထိုးဆွပါ။ ပြီးလျှင် ပါဝင်ပစ္စည်းများအားလုံး ပွတ်လူးပါ။ ပြီးလျှင်

အာဗင်ကို အပူချိန် 180˚C  ဖြင့် ကျက်အောင် ထည့်ထားပါ။ အသားကျက်သွားပြီဆိုလျှင် အပေါ်ကြောများြွကပ်ဆတ်သွားစေရန် အာဗင်ကို အပူချိန် 240˚C ပေးပြီး ကင်ပါ။ ၁၀ မိနစ်ခန့် ကြာလျှင် ရပါပြီ။

Facebook Comments