Clove Cookies

by Hsu Myat Oo for Food Magazine

          ဟင်းခတ်အမွှေးအကြိုင်များရဲ့ အနံ့လေးတွေနဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ လေးညှင်းအမှုန့်ကို ရှာမတွေ့ဘူးဆိုလျှင် လေးညှင်းပွင့်ကို ငရုတ်ဆုံနဲ့ထောင်းတာဖြစ်ဖြစ်၊ ကြိတ်စက်နဲ့ ကြိတ်တာဖြစ်ဖြစ်လုပ်ပြီး ထည့်ပါ။

ပါဝင်ပစ္စည်းများ

Shortening  –  ၁ ဂရမ်

သကြား  –  ၁၃၄ ဂရမ်

သကြားညို  –  ၁၃၄ ဂရမ်

ကြက်ဥ  –  ၁ လုံး

မုန့်ဖုတ်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မုန့်ဖုတ်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဗနီလာအနံ့  –  အနည်းငယ်

ဂျုံ  –  ၁၄၉ ဂရမ်

လေးညှင်းပွင့်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သစ်ကြံပိုးခေါက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

အဆန်အစေ့များ  –  ၁၀ဝ ဂရမ် (ပါးပါးသေးသေးလှီးထားပါ)

ပြုလုပ်နည်း

၁။       ဂျုံ၊ လေးညှင်းပွင့်အမှုန့်၊ သစ်ကြံပိုးခေါက်အမှုန့်၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆော်ဒါနှင့် ဆားတို့ကို ဆန်ခါနဲ့စစ်ပြီး ဇလုံတစ်လုံးထဲ ထည့်ထားပါ။

၂။       သကြား၊ သကြားညိုနှင့် Shortening တို့ကို သကြားကြေသည်အထိ ရိုက်ပေးပါ။ ကြက်ဥနှင့် ဗနီလာအနံ့ကို ထည့်ပြီး ရိုက်ပါ။

၃။       သကြားရိုက်ထားတဲ့အထဲ ဂျုံအရောကို ထည့်ပြီး သမအောင် ရောမွှေ၍ အဆန် အစေ့များကို ထည့်ပြီး နယ်ပါ။ ဆီစိမ်စက္ကူနဲ့ အပြားလိုက်လေး ထုပ်ပြီး ရေခဲ သေတ္တာထဲမှာ မိနစ် ၃၀ ခန့် မာသွားအောင် ထည့်ထားပါ။ အနည်းငယ်မာသွားတဲ့ ကွတ်ကီးသားတွေကို ဝ.၅ စင်တီမီတာလောက် ပြားပြီး လိုချင်တဲ့အဝိုင်းလေး တွေရအောင် ဖြတ်ထားပါ။ ပုလင်းဖင်လေးနဲ့ တိုင်းပြီး ဖြတ်ထားတာဖြစ်ဖြစ်၊ Cookie Cutter လေးတွေနဲ့ဖြစ်ဖြစ် ဖြတ်ထားလို့ရပါတယ်။

၎။       မုန့်ဖုတ်မီးဖိုကို အပူချိန် 170˚C ခန့် ကြိုဖွင့်ထားပါ။ မုန့်ဖုတ်ဗန်းထဲမှာ ဆီစိမ်စက္ကူခင်း၍ ကွတ်ကီးလေးတွေစီပြီး ၁၀ မိနစ်- ၁၂ မိနစ်ခန့် ဖုတ်ပါ။ ဘေးနားလေးတွေ အညိုရောင်လေးသန်းလာပြီဆိုလျှင် ရပါပြီ။ ပြီးလျှင် အပြင်ထုတ်ပြီး အအေးခံထားပါ။ လေလုံဖန်ဘူးထဲ ထည့်၍ သိမ်းထားပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments