Clam Spaghetti with Saffron Cream Sauce (စပါကတီ ခုံးကောင် ကုံကုမံ ဆော့စ်)

by Win Zaw @ Mario Win Zaw for Food Magazine

ဒီတစ်ခါတော့ ကုံကုမံနှင့် စပါကတီလေး လုပ်ပြချင်ပါတယ်။ ခုံးကောင်လေးတွေနှင့်ဆိုတော့ ထူးခြားမှုတော့ ရှိတာပေါ့။ ကဲ… စလုပ်ကြမယ်။

ပါဝင်ပစ္စည်းများ

စပါကတီ –  ၁၅၀ ဂရမ်

ခုံးကောင် –  ၈ ကောင်

ခရင်မ် –  ၁၀ဝ ဂရမ်

ကြက်သွန်နီ –  ထမင်းစားဇွန်း ၁ ဇွန်း

ဝိုင်အဖြူ –  ၁၀ ဂရမ်

ကုံကုမံ –  အနည်းငယ်

ဆား –  အနည်းငယ်

ငရုတ်ကောင်း –  အနည်းငယ်

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပါမီစန်ချိစ် –  ၂၀ ဂရမ်

ကြက်သွန်ဖြူ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခုံးကောင်များကို ဆီသတ်ပါ။ အညှီနံ့များ ပျောက်စေရန် ဝိုင်အဖြူ ထည့်ပါ။

၂။       ပြီးလျှင် ခရင်မ်နှင့်တကွ ပါဝင်ပစ္စည်းများ ထည့်ပါ။ အရသာဆိမ့်ဆိမ့်လေးနှင့် ကောင်းလာလျှင် ရပါပြီ။ ကုံကုမံပါ၍ အရောင်လေးလည်း နည်းနည်းရဲလာပါတယ်။

Facebook Comments