Chocolate Chip Cookies

By Hsu Myat Oo for Food Magazine

          ပုံထဲမှာ ဆုမြတ်ပြထားတဲ့ ချောကလက်ဘူးလေးကို City Mart မှာ ဝယ်လို့ရပါတယ်။ မီးဖိုထဲမထည့်ခင် ကွတ်ကီးအလုံးကြီးတွေဖြစ်နေလို့ ထွက်လာရင်လည်း လုံးလုံးကြီးတွေ ဖြစ်နေမှာကို စိတ်မပူပါနဲ့။ မီးဖိုထဲရောက်ရင် သူ့ဘာသာ ပြားကျသွားပါလိမ့်မယ်။ ချောကလက်ကိုတော့ ပုံမှာပြထားတဲ့ ချောကလက်ဘူးလေးကို ဝယ်ပြီး သုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။ ချောကလက်တုံးကြီးကို အတုံးလေးတွေ တုံးပြီး ထည့်ရင် အရည်ပျော်ကုန်မှာ စိုးတာကြောင့်ပါ။

ပါဝင်ပစ္စည်းများ

သကြားအညို  –  ၇၈ ဂရမ်

သကြားမှုန့် (Powder Sugar)  –  ၆၂ ဂရမ်

မုန့်ဖုတ်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

မုန့်ဖုတ်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်ဥ  –  ၂ လုံး

ထောပတ်  –  ၇၈ ဂရမ်

ဂျုံ  –  ၂၂၀ ဂရမ်

ချောကလက်တုံး  –  ၁၅၀ ဂရမ်

ဗနီလာအနံ့  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဂျုံ၊ မုန့်ဖုတ်ပေါင်ဒါ၊ မုန့်ဖုတ်ဆော်ဒါ၊ ဆားတို့ကိုရောပြီး သီးခြားထားပါ။

၂။       ထောပတ်နှင့် သကြားတို့ကို ထောပတ်ဖြူပြီး ပွလာသည်အထိ စက်နှင့် ဖြစ်စေ၊ ကြက်ဥခေါက်တံနှင့်ဖြစ်စေ ခေါက်ပေးပါ။ ထောပတ်ဖြူလာလျှင် ကြက်ဥနှင့် ဗနီလာအနံ့ထည့်ပြီး ဆက်မွှေပေးပါ။

၃။       ထောပတ်ခေါက်ထားတဲ့အထဲကို နံပါတ် (၁) မှ ပစ္စည်းများကို ဆန်ခါချပြီး လက်ဖြင့် ရောမွှေပေးပါ။ နောက်ဆုံးမှာ ချောကလက်တုံးလေးများကို ထည့်ပြီး ရောမွှေပေးပါ။

၎။       မုန့်ဖုတ်မယ့် ဗန်းထဲ ဆီစိမ်စက္ကူခံပါ။ ကွတ်ကီးသားများကို ရေခဲမုန့်ခပ်တဲ့ ဇွန်း (သို့) ဇွန်းအခွက် ဝိုင်းဝိုင်းလေးတွေနဲ့ ခပ်ပြီး မုန့်ဖုတ်မယ့် ဗန်းထဲထည့်ပေးပါ။ မုန့်ဖုတ်မီးဖိုထဲထည့်ပြီး အပေါ်အပူချိန် ၁၆၀ံC ၊ အောက် အပူချိန် ၁၅၀ံC နဲ့ ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်အထိ ဖုတ်ပေးပြီး Chocolate Chip Cookies များကို သုံးဆောင်နိုင်ပါပြီ။

Hsu Myat Oo

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments