Chinese Mustard with Black Mushroom Oyster Sauce (တရုတ်မုန်ညင်း၊ မှိုမည်း၊ ခရုဆီ)

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီဟင်းပွဲလေးကတော့ နေရာတော်တော်များများမှာ တွေ့ရပါတယ်။ စားသောက်ဆိုင်တွေမှာတော့ အများဆုံးပေါ့။ စားကောင်းပြီး အချိန်လည်း မကြာပါဘူး။

ပါဝင်ပစ္စည်းများ

တရုတ်မုန်ညင်း  –  ၂၀ဝ ဂရမ်

မှိုမည်း  –  ၇ ပွင့်

မုန်လာဥနီ  –  အနည်းငယ်

ချင်းမျှင်  –   အနည်းငယ်

ကြက်သွန်ဖြူ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  အနည်းငယ်

နှမ်းဆီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကော်ရည်

ပြုလုပ်နည်း

၁။       တရုတ်မုန်ညင်းနှင့်တကွ ကျန်ပါဝင်ပစ္စည်းများအားလုံးကို ရေနွေးဖျောထားပါ။

၂။       ကြက်သွန်ဖြူဆီသတ်ပြီး ပါဝင်အရသာများထည့်၍ မုန်ညင်းနှင့်တကွ အားလုံးထည့်ကြော်ပါ။ အရသာစိတ်ကြိုက်ဖြစ်ပြီဆိုလျှင် အရည်မကျဲစေရန် ကော်ရည်ပါးပါး ထည့်ပါ။ ပြီးလျှင် ပန်းကန်ထဲမှာ လှအောင်စီပေးလိုက်လျှင် ရပါပြီ။

Facebook Comments