Chicken with Ginger Potato Curry  (ကြက်သားချင်းအာလူးဟင်း)

by Win Zaw @ Mario Win Zaw for Food Magazine

            နေရာတိုင်းမှာတော့ “ကြက်သားအာလူးဟင်း” ကိုပဲ ချက်ပြုတ်ရောင်းချနေကြတာ တွေ့ရမှာပါ။ ကျွန်တော်ကတော့ ပုံစံတစ်မျိုး လုပ်စားတာ အရမ်းကြိုက်မိလို့ပါ။ ကြက်သား၊ အာလူးတင်မကဘဲ ချင်း၊ ငရုတ်ခွဲခြမ်းကိုပါ သုံးထားတာပါ။ အိမ်မှာလည်း ချက်စားလို့ လွယ်တာပေါ့။

ပါဝင်ပစ္စည်းများ

ကြက်သားတုံး  –  ၄၉၀ ဂရမ်

ချင်း (အမျှင်လှီး)  –  ၂၀ ဂရမ်

အာလူး  –  ၂ လုံး

ကြက်သွန်နီ  –  ၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၁၅ ဂရမ်

ငရုတ်ခွဲခြမ်း  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

ပုစွန်ငံပြာရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

နံနံပင်  –  ၁ ပင်

ဆီ  –  ၅ ကျပ်သား

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။      သန့်ရှင်းထားသောကြက်သားများကို ဆား၊ ငရုတ်ကောင်း၊ နနွင်းမှုန့်၊ ဆီနည်းနည်းဖြင့် အရသာသွင်းပြီး ၅ နာရီခန့် ထားထားပါ။

၂။      ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၍ အိုးဖြင့် ဆီသတ်ပါ။ ချင်းရောထည့်ပါ။ ငရုတ်ခွဲခြမ်းလည်း ရောမွှေပြီး အစိမ်းနံ့ပျောက်ပါက ကြက်သားထည့်ကာ တောင့်စင်း လာအောင် လုံးမွှေပါ။

၃။      အာလူးကိုတုံးပြီး အိုးထဲရောထည့်ကာ ရေမြုပ်ရုံသာထည့်ပြီး ပါဝင်ပစ္စည်းအားလုံး ရော ထည့်ပါ။ မကပ်အောင်မွှေပြီး နူးအောင်ချက်ပါ။ ပြီးမှ အရသာထပ်မြည်းပါ။ ချင်းနှင့် ကြက်သား ရနံ့လေးသင်းပြီး စပ်တဲ့အရသာလေး ထွက်လာမှာပေါ့။

Facebook Comments