Chicken Noodle Soup

by Hsu Myat Oo for Food Magazine

          အရမ်းကို လွယ်တဲ့ ခေါက်ဆွဲပြုတ်လေးပါ။ အချိန်တွေလည်း အများကြီးပေးစရာမလိုဘဲ ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်မြိတ်အကြီး  –  ၁ ချောင်း

မုန်လာဥနီ  –  ၁ ဥ

ပန်းပွင့်စိမ်း  –  အနည်းငယ်

ကြက်ရင်ပုံ  –  ၁ ခု

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ခေါက်ဆွဲ

ပြုလုပ်နည်း

၁။       ကြက်ရင်ပုံကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် နယ်ထားပြီး ပြုတ်ပါ။ ကြက်သား ကျက်ပြီဆိုလျှင် ကြက်သားကို ဖယ်ထားပြီး အမျှင်လေးတွေ လုပ်ထားပါ။

၂။       ပန်းပွင့်စိမ်းကို အနေတော်လေးတွေ လှီးပြီး ရေဆေးထားပါ။ မုန်လာဥနီကို အခွံနွှာပြီး ရေဆေးကာ အချောင်းလေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း အနေတော်လေးတွေ လှီးထားပါ။ ကြက်သွန်နီကို ခပ်ကြီးကြီးလေး လှီးထားပါ။ ကြက်သားပြုတ်ရည်ထဲကို အသီးအနှံတွေ အားလုံးထည့်ပါ။ ဟင်းခတ်ပစ္စည်းများ အားလုံးထည့်ပါ။ အရသာအပေါ့အငန် မြည်းပြီး မီးဖိုပေါ်က ချပါ။

၃။       ခေါက်ဆွဲကို ပြုတ်ထားပါ။ ပန်းကန်လုံး ၁ လုံးထဲမှာ ခေါက်ဆွဲ၊ ဟင်းရည်၊ ကြက်သား အမျှင်လေးများကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments