Chicken Lemongrass Stick (ကြက်စပါးလင်ချောင်း)

By Win Zaw @ Mario Win Zaw for Food Magazine

          ကြက်စပါးလင်ချောင်းကတော့ စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ပိုပြီး စားသုံးကြတာကို တွေ့ရပါတယ်။ စပါးလင်နံ့မွှေးမွှေးလေးနဲ့ စားလို့လည်းကောင်းပြီး ဘီယာရဲ့ မိတ်ဆွေကြီးလည်း ဖြစ်တယ်လေ။ ကဲ… လုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

Chicken Mince (ကြက်စဉ်းသား) –  ၃ဝဝ ဂရမ်

Garlic Chop (ကြက်သွန်ဖြူ) –  စားပွဲဇွန်း ၁ ဇွန်း

Lemongrass (စပါးလင်) –  ၅ ချောင်း

Red Chilli Chop(ငရုတ်သီးနီ) –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Coriander Chop (နံနံပင်) –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Oil (ဆီ) –  အနည်းငယ်

White Wine (ဝိုင်အဖြူ) –  အနည်းငယ်

Onion Chop (ကြက်သွန်နီ) –  စားပွဲဇွန်း ၁ ဇွန်း

Flour –  စားပွဲဇွန်း ၁ ဇွန်း

Salt & Repper (ဆား၊ ငရုတ်ကောင်း) –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဆုံး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဆီသတ်ပါ။ ပြီးလျှင်  အအေးခံထားပါ။

၂။       စပါးလင်ချောင်းမှလွဲပြီး ကြက်သားနှင့် အခြားပါဝင်ပစ္စည်းအားလုံး ရောနယ်ပါ။ အဲဒီအချိန်မှာ သတိထားရမှာက ပျော့ပြဲကြီးမဖြစ်ဖို့နဲ့ ဖွာစုတ်စုတ် မဖြစ်ဖို့ပါပဲ။

၃။       အသားစိတ်ကြိုက်ဖြစ်သွားပါက အသင့်ပြင်ထားတဲ့ စပါးလင်များနှင့် ထိုးပြီး ကင်ပါ။ Pan နှင့်ဖြစ်စေ၊Flat Griller နှင့်ဖြစ်စေ ကင်လျှင် အဆင်ပြေပါတယ်။ ကဲ… ကျက်လည်း ကျက်ရော အနံ့လေးမွှေးပြီး အရောင်လေးကလည်း လှလာပြီပေါ့။ အချဉ်ရည်ကိုတော့ အဆင်ပြေတာနဲ့ ပေးလို့ရပါတယ်။ တချို့ကလည်း စပါးလင် ဆော့စ်နှင့် ပေးတယ်။ တချို့ကလည်း ငရုတ်ချဉ်ဆော့စ်နှင့် ပေးပါတယ်။

Win Zaw @ Mario Win Zaw

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments