Chicken Cutlet (ကြက်ပေါင်မုန့်ခြောက်ကပ်ကြော်)

by Mario Win Zaw for Food Magazine

          ဒီကြက်ကြော်လေးကတော့ ကြက်သားပေါင်မုန့်ခြောက်ကပ်ကြော်ပါ။ ဆီထဲမှာ နှစ်ကြော်လျှင်လည်း ရပါတယ်။ ဒါပေမဲ့ ဆီတွေ မြန်မြန်မည်းလွယ်ပြီး အသားထဲလည်း ဆီတွေပိုဝင်လို့ Shallow Foy နည်းနှင့်ပဲ အများဆုံး ကြော်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁၅၀ ဂရမ်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ပါမဆင်ချိစ်  –  စားပွဲဇွန်း ၁ ဇွန်း (Parmesan Cheese)

ပေါင်မုန့်ခြောက်မှုန့်  –  ၁ ခွက်

အီတလီနံနံ  –  အနည်းငယ်

ဂျုံ  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

ဝိုင်အဖြူ  –  အနည်းငယ်

အာလူးချောင်းကြော်  –  ၁၀ဝ ဂရမ်

ဆလတ်  –  ၁ ပွဲစာ

ပြုလုပ်နည်း

၁။       ကြက်သားကို ပလတ်စတစ်အုပ်ပြီး ခပ်ပြားပြားလေးဖြစ်အောင် တူနှင့် ထုပါ။ ပြီးလျှင် အရသာများထည့်ပြီး ဂျုံနှင့်ကပ်ပါ။

၂။       ပြီးလျှင် ကြက်ဥကို ခေါက်ပြီး ပွတ်လူး၍ ပေါင်မုန့်ခြောက်မှုန့်ကပ်ပါ။

၃။       အိုးကို အပူပေး၍ ဆီ လက်တစ်လုံးစာလောက်ထည့်ပြီး အပူပေးကာ အသားကို မျက်နှာပြင် နှစ်ဖက်စလုံးကြော်ပါ။ ရွှေအိုရောင်ရလာလျှင် ရပါပြီ။ ပါဝင်သော အာလူးချောင်းကြော်နှင့် ဆလတ်တွဲ၍ ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments