Chicken Boxing (ကြက်လက်ဝှေ့အိတ်)

by Win Zaw @ Mario Win Zaw for Food Magazine

ဒီ Chicken Boxing ကိုတော့ ကလေးတွေ ပိုပြီးစားကြပါတယ်။ ပုံစံလေးက လက်ဝှေ့အိတ်ပုံစံလေးဖြစ်ပြီး စားလို့လည်း အလွန်ကောင်းပါတယ်။ လူကြီးပိုင်းတွေကတော့ ဘီယာနှင့်တွဲပြီး သုံးဆောင်တတ်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်တောင်ပံ –  ၄ ချောင်း

ဆား၊ ငရုတ်ကောင်း –  အနည်းငယ်

ပေါင်မုန့်ခြောက်မှုန့် –  ၅၀ ဂရမ်

ကြက်ဥ –  ၁ လုံး

ဂျုံ –  ၃၀ ဂရမ်

ဝိုင်အဖြူ   –  ၂၀ ဂရမ်

ပြုလုပ်နည်း

၁။        ဦးစွာ ကြက်တောင်ပံများကို အလယ်ကဖြတ်ပါ။ ပြီးလျှင် အသားများကို လက်သီး ပုံစံလေးဖြစ်အောင် လှီးပြီး ဆွဲချပုံဖော်ပါ။ ပြီးလျှင် အရသာများ ထည့်နယ်၍ ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ဆီပူထဲနှစ်၍ ကြော်ပါ။

၂။         ရွှေအိုရောင် အရောင်အဆင်းလေးရလာလျှင် ကျက်ပါပြီ။ ပြီးလျှင် ဆယ်ယူပြီး မိမိနှစ်သက်ရာ ဆော့စ်နှင့် တွဲစား၍ ရပါပြီ။

Facebook Comments