Chicken A La King

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီအစားအစာကတော့ ခရင်မ်ဆော့စ်ကို အခြေခံထားတဲ့ ကြက်သားချက်လေးပါ။ ပေါင်မုန့်မီးကင်လေးနှင့် တွဲကျွေးလျှင်တော့ အကြိုက်ဆုံးလို့ ပြောရမှာပါ။ တချို့က ပဲတီစိမ်းထည့်ချက်တာကို ကြိုက်ကြပါတယ်။ ကျွန်တော်ကတော့ ပန်းငရုတ်ပွစိမ်းနဲ့ပဲ ချက်ပြပါမယ်နော်။

ပါဝင်ပစ္စည်းများ

Chicken (ကြက်သား)  –  ၃၀ဝ ဂရမ်

Button Mushroom (မှို)  –  ၅၀ ဂရမ်

Green Capsicum (ငရုတ်ပွစိမ်း)  –  ၃၀ ဂရမ်

Carrot (မုန်လာဥနီ)  –  ၅၀ ဂရမ်

Parsley (အီတလီနံနံ)  –  အနည်းငယ်

Butter (ထောပတ်)  –  ၅၀ ဂရမ်

Flour (ဂျုံ)  –  ၃၀ ဂရမ်

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  အနည်းငယ်

Stock (အရိုးပြုတ်ရည်)  –  1 Cup

Milk (နို့)  –  ၅၀ ဂရမ်

Whipping Cream (ခရင်မ်)  –  ၅၀ ဂရမ်

Yellow Mustard (မုန်ညင်းနှစ်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

White Wine (ဝိုင်အဖြူ)  –  30 ml

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဆုံး အသားတွေကို တုံးပြီး အရသာနယ်ကာ ဆီသတ်ပေးပါ။ မှို၊ ငရုတ်ပွနှင့် မုန်လာဥနီတို့ကိုလည်း လှီးဖြတ်ကာ ရောထည့်ပါ။ ဂျုံထည့်မွှေပါ။

၂။       ဂျုံနံ့ပျောက်လျှင် အရိုးပြုတ်ရည်နှင့် နို့ထည့်ပြီး အသားနူးအောင် မီးအေးအေးဖြင့် ထားပါ။ ပြီးမှ ခရင်မ်ထည့်ပါ။ အရသာမြည်း၍ လိုတာထပ်ထည့်ပါ။ အဆင်ပြေပြီဆိုပါက အပေါ်မှ အီတလီနံနံဖြူး၍ ကျွေးနိုင်ပါပြီ။ ပေါင်မုန့်မီးကင်နှင့်ဆို ပိုကောင်းပါတယ်။

Facebook Comments