Catfish Curry (ငါးခူဆီပြန်ဟင်း)

by Mario Win Zaw for Food Magazine

          ဒီဟင်းလေးကတော့ ငါးခူကို အညှီနံ့မထွက်အောင် ဆီပြန်ချက်ထားတာပါ။ အနှစ်လေးတွေနှင့်ဆိုတော့ ထမင်းစားလို့ ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခူ  –  ၃၀ ကျပ်သား

ကြက်သွန်နီ  –  ၃ လုံး

ကြက်သွန်ဖြူ  –  ၁ လုံး

ချင်း  –  ၁ တက်

ခရမ်းချဉ်သီး  –  ၂ လုံး

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပုစွန်ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

နံနံပင်  –  အနည်းငယ်

ဆီ  –  သင့်တော်ရုံ

ပြုလုပ်နည်း

၁။       ငါးခူကို အတုံးလေးများတုံးပြီး အရသာနယ်ထားပါ။

၂။       ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ချင်းနှင့်အတူ ရောထောင်းပြီး ဆီသတ်ပါ။ ပြီးလျှင် ခရမ်းချဉ်သီးပါ ရောပြီး ထည့်ပါ။

၃။       ပြီးလျှင် ငါးနှင့်အတူ ပါဝင်ပစ္စည်းအားလုံးရောပြီး ထည့်ပါ။ ငါးများ အသား ပဲ့မသွားစေရန် ဖြည်းဖြည်း မွှေပါ။ ငါးကျက်လျှင် ရပါပြီ။

Facebook Comments