Buttermilk Fried Chicken

အခြေခံအကျဆုံးကြက်ကြော်ပါ။ အဲဒီကြော်နည်းကို အခြေခံပြီး ဂျုံမှုန့်နယ်တဲ့အခါ ကိုယ်ကြိုက်တဲ့အရသာ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ- ကိုရီးယားစတိုင်လ်၊ အိန္ဒိယစတိုင်လ် အစရှိသဖြင့် စိတ်ကူးရှိသလောက် ဖန်တီးနိုင်ပါတယ်။ ကိုယ်ပိုင်အရသာ ကြက်ကြော်ကိုလည်း ဖန်တီးနိုင်ပါတယ်။ လုပ်ကြည့်လိုက်ရအောင်…။

ပါဝင်ပစ္စည်းများ

ကြက်သားတောင်ပံ –  ၃၀ဝ ဂရမ်

နွားနို့ –  ၆၅ မီလီလီတာ (စားပွဲဇွန်း ၅ ဇွန်းခန့်)

လီမွန်အရည်ညှစ် –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ငရုတ်ကောင်းအမည်းမှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ဂျုံမှုန့် –  ၁၅၀ ဂရမ်

ဆား –  စားပွဲဇွန်း ၁ ဇွန်း

နေကြာဆီ  –  ၂၀ဝ မီလီလီတာ

Mayonnaise       –         တွဲဖက်စားသုံးရန်

ပြုလုပ်နည်း

၁။       ဇလုံတစ်လုံးထဲ ကြက်တောင်ပံ၊ နွားနို့၊ လီမွန်နှင့် ငရုတ်ကောင်းမှုန့် စားပွဲဇွန်း ၁ ဇွန်းတို့ကို ထည့်၍ အရသာများဝင်အောင် နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ပါ။ နောက် ဇလုံတစ်လုံးထဲ ဂျုံမှုန့်၊ ကျန်ငရုတ်ကောင်းမှုန့်နှင့် ဆားကို ထည့်ပြီး သမအောင် နယ်ပါ။

၂။       အိုးတစ်အိုးထဲ ဆီထည့်ပြီး ဆီပူလာအောင် တည်ပါ။ နှပ်ထားတဲ့ ကြက်တောင်ပံများကို သမအောင် နယ်ထားတဲ့ ဂျုံမှုန့်လူးပါ။ ဂျုံမှုန့်များကို ခါထုတ်၍ ဆီပူထဲ ထည့်ပြီး မီး အနေတော်ဖြင့် ကြော်ပါ။ အိုးပေါ်မူတည်ပြီး နှစ်ခါခွဲကြော်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြော်ပါ။ ကြော်နေစဉ် ဟိုဘက်၊ ဒီဘက်လှန်ပေးပါ။ အပြင်ကြွကပ်ရွနေပြီး အထဲက နူးညံ့တဲ့ အသား အရသာနဲ့ ရိုးရှင်းတဲ့ကြက်ကြော်ရပါပြီ။

Facebook Comments

Menu