Bulgogi (Korean Beef Bowl)

by Hsu Myat Oo for Food Magazine

          ကိုရီးယားစတိုင် အမဲသားကင်ပါ။ အမဲသား (သို့) ဝက်သားကို ပါးပါးလေးတွေလှီးပြီး ဆော့စ်နဲ့ နှပ်ကာ မီးဖိုပေါ်မှာ ကင်ပြီးစားတဲ့ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အိမ်မှာပဲ ဒယ်အိုးနဲ့ကြော်တဲ့ ပုံစံမျိုးလေးတွေနဲ့ လုပ်စားကြပါတယ်။ ဒီဟင်းလျာလေးရဲ့ မူရင်းနေရာက မြောက်ကိုရီးယားဖြစ်ပြီးတော့ တောင်ကိုရီးယားမှာ ပိုပြီးနာမည်ကြီးလာတာ ဖြစ်ပါတယ်။ သစ်တော်သီးအစား ပန်သီး၊ ကီဝီသီးနဲ့လည်း ပြုလုပ်လို့ရပြီး တစ်လုံးစီ သုံးပေးရမှာပါ။

ပါဝင်ပစ္စည်းများ

အမဲသား (မိုးခိုသား)  –  ၂၀ဝ ဂရမ်

ကြက်သွန်နီ  –  ၁ ဥ

မုန်လာဥနီ  –  ၁ ဥ

ငရုတ်ပွ (နီ၊ စိမ်း)  –  တစ်ခြမ်းစီ

ကြက်သွန်မြိတ်ကြီး  –  ၁၀ဝ ဂရမ်

အရသာနှပ်ရန်

ချင်းရည်  –  ၅၀ ဂရမ်

ဟင်းချက်ဝိုင်  –  စားပွဲဇွန်း ၂ ဇွန်း

သစ်တော်သီး  –  တစ်ဝက် (အရည်ထုတ်ထားပါ)

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၃ ဇွန်း

နှမ်းဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၁-၂ မြွှာ

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Dashi မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အမဲသားကို အနေတော်အရွယ် ပါးပါးလေးတွေ လှီးပေးထားပြီး အရသာနှပ်မယ့်ပစ္စည်းများ အားလုံးထည့်ကာ ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် နှပ်ထားပါ။

၂။       ကြက်သွန်နီကို အကွင်းလေးတွေ လှီးထားပါ။ မုန်လာဥနီ၊ ငရုတ်ပွတို့ကို အချောင်းလေးတွေ လှီးထားပြီး ကြက်သွန်မြိတ်ကို အစောင်းလေးတွေ လှီးထားပါ။

၃။       ဒယ်အိုးကို ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် နှပ်ထားတဲ့ အမဲသားထည့်ပါ။ အမဲသားကျက်လာ လျှင် လှီးထားတဲ့ ဟင်းသီးဟင်းရွက်တွေ ထည့်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

တွဲဖက်စားရန်

ဆလတ်ရွက်

ကြက်သွန်ဖြူ

ငရုတ်သီးအနှစ်

ကြက်သွန်မြိတ်

Facebook Comments