Bread Pudding

by Hsu Myat Oo for Food Magazine

          ပေါင်မုန့်ရော ပူတင်းပါ တစ်ပြိုင်တည်းစားနိုင်တဲ့ မုန့်လေးပါနော်။ ဗန်းအကြီးဆိုဒ်နဲ့ ပြုလုပ်လို့ရသလို ကော်ဖီသောက်တဲ့ ခွက်နဲ့လည်း ဖုတ်လို့ရပါတယ်နော်။ မည်သည့်ပေါင်မုန့်ကိုမဆို သုံးပြီး ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၅ ချပ်

ထောပတ်  –  စားပွဲဇွန်း ၂ ဇွန်း

သစ်ကြံပိုးခေါက်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သကြား  –  ၆၀ ဂရမ်

စပျစ်သီးခြောက်  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၃ လုံး

နွားနို့  –  ၆၃၀ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဗနီလာအနံ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပေါင်မုန့်ကို ထောပတ်သုတ်ပြီး အတုံးလေးတွေ လှီးထားပါ။ ထည့်ဖုတ်မယ့် ခွက်လေးတွေကို ထောပတ်သုတ်ပေးထားပါ။ ပေါင်မုန့်အတုံးလေးတွေကို ထောပတ်သုတ်ထားတဲ့ ခွက်ထဲ ထည့်ထားပါ။ စပျစ်သီးခြောက်လေးတွေကို ကြားညှပ်ပြီး တင်ပေးပါ။

၂။       ကြက်ဥ၊ နွားနို့၊ ဆား၊ သကြား၊ ဗနီလာအနံ့နှင့် သစ်ကြံပိုးခေါက်တို့ကို ဇလုံတစ်လုံးထဲမှာ ထည့်ခေါက်ထားပါ။ နွားနို့ခေါက်ထားတဲ့ အရည်ကို ပေါင်မုန့်ထည့်ထားတဲ့ ခွက်ထဲ နှံ့အောင် လောင်းပေးပါ။ ပေါင်မုန့်သားထဲ နွားနို့အရည်သေချာဝင်ပါစေ။

၃။       အပူချိန် 180˚C နဲ့ ၄၅ မိနစ်၊ မိနစ် ၅၀ ခန့် ဖုတ် ပေးပါ။ ပေါင်မုန့်သားညိုလာပြီး အရည်ထွက်နေတာကို မမြင်ရတော့လျှင် ရပါပြီ။

Facebook Comments