Boule Bread

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် – ၂ နာရီ ၄၅ မိနစ်၊ အရေအတွက် – ၃ လုံး

          Boule Bread က ပြင်သစ်ပေါင်မုန့် အမျိုးအစား ဖြစ်ပါတယ်။ အများအားဖြင့် ဘောလုံးလို အလုံးတွေ လုပ်တာများပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ပေါင်မုန့်ဂျုံ၊ ရေ၊ ဆားနှင့် ပွဆေးတို့ပါပဲ။ အရေခွံမာကြွပ်ပြီး အတွင်းသားက ပျော့ပျောင်း၍ စားကောင်းတဲ့ ပေါင်မုန့်ကြမ်းပါပဲ။

Sour Dough (အချဉ်ဖောက်မုန့်သား) အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ ဂရမ်

ရေ  –  ၅၀  ဂရမ်

Yeast (ပွဆေး)  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

          ပါဝင်ပစ္စည်းအားလုံးကို ဇလုံထဲထည့်ပြီး ရောမွှေပါ။ အနည်းဆုံး ၅ နာရီကြာလျှင် သုံးလို့ရပါပြီ။

Boule Bread အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၆၀ဝ ဂရမ်

ရေ  –  ၄၀ဝ ဂရမ်

Sour Dough  –  အချဉ်ဖောက်မုန့်သား

Yeast (ပွဆေး)  –  ၅ ဂရမ်

ဆား  –  ၁၀ ဂရမ်

ပြုလုပ်နည်း

၁။       ဆားမှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို လက်ဖြင့် ရောမွှေပါ။

၁ မိနစ်ခန့် မွှေပြီးမှ ဆားထည့်ပြီး မုန့်သားကို အနည်းငယ်ယူ၍ စမ်းသပ်ဆွဲလျှင် ပလတ်စတစ်လိုပါးပြီး မပြတ်ထွက်၊ မပြဲထွက် သည်အထိ မွှေပါ။

၂။       ဂျုံသားနယ်ပြီး အဆင်သင့်ဖြစ်ပြီဆိုလျှင် လုံး၍ ဇလုံထဲ ထည့်ပါ။ အပေါ်မှာ ပလတ်စတစ် (သို့) အဝတ်ဖြင့် ဂျုံသားမျက်နှာပြင် မခြောက်သွားအောင် မိနစ် ၃၀ ခန့် အုပ်၍ အနားပေးပြီး အပွခံထားပါ။ မိနစ် ၃၀ ကြာလျှင် ပွနေသော ဂျုံလုံးကို လက်ဖြင့် ရိုက်ပြား၍ လေထုတ်ပြီး ပြန်လုံးကာ ဒုတိယအကြိမ် မိနစ် ၃၀ ခန့် အပွခံပါ။

၃။       ဒုတိယအကြိမ် အပွခံပြီးလျှင် ၃၅၀ ဂရမ်စီ ဖြတ်၍ လုံးပြီး မုန့်ဖုတ်ဗန်းထဲသို့ ထည့်ကာ အပွခံပါ။ မုန့်သားနှင့် ဗန်းမကပ်အောင် ဂျုံအနည်းငယ်ကို ဗန်းအပေါ်မှာ ဖြူးပေးပါ။ မိနစ် ၃၀ ခန့် အပွခံပါ။

၎။       ပြီးလျှင် ပေါင်မုန့်ပေါ် ရေများများဖျန်း၍ ရေဖျန်းထားသော ပေါင်မုန့်အပေါ်မှာ ဂျုံကို ဆန်ခါဖြင့်စစ်ပြီး ဖြူးပေးပါ။ ဂျုံဖြူးထားသော ပေါင်မုန့်အပေါ်ကို ဓားထက်ထက်ဖြင့်ခွဲ၍ မွှန်းပြီး ဒီဇိုင်းဆင်ပါ။ နောက်ထပ် မိနစ် ၃၀ အကြာ ဆက်၍အပွခံပါ။

၅။       မီးအပူချိန် အပေါ်အောက် ၂၂၀ ဒီဂရီစင်တီဂရိတ် တင်ထားပါ။ အပူချိန်ပြည့်လျှင် ပွနေသော မုန့်ကို ထည့်ပြီး မိနစ် ၂၀ ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းပြီး ကြွပ်လာလျှင် ရပါပြီ။ ပေါင်မုန့်ကို ပူပူလေး စားလျှင် အပေါ်ခွံကြွပ်ပြီး အတွင်းသားပျော့ပါတယ်။ အသားညှပ် ပေါင်မုန့်အဖြစ် မိမိကြိုက်နှစ်သက်ရာ အသီးအရွက်၊ အသား၊ ငါးများကို ထည့်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Facebook Comments