Bibibap (Korean Rice Salad)

by Hsu Myat Oo for Food Magazine

          ကိုရီးယားထမင်းသုပ်လေးကိုတော့ လူတိုင်းသိကြမယ်လို့ ထင်ပါတယ်။ ဒီလုပ်နည်းလေးကတော့ ဆော့စ်ချက်တဲ့နေရာမှာ ပစ္စည်းနည်းနည်းများပါတယ်။ ကိုရီးယားထမင်းသုပ်လေးကတော့ ၂၀၁၁ ခုနှစ် မှာ CNN Travel က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးအစားအသောက် ၅၀ ထဲမှာ နံပါတ် ၄၀ မှာရှိတဲ့ အစားအသောက်တစ်ခု ဖြစ်ပါတယ်။ လုပ်စားကြည့်ကြရအောင်…။

ပါဝင်ပစ္စည်းများ

အမဲသား (မိုးခိုသား)  –  ၁၀ဝ ဂရမ်

ဟင်းနုနယ်  –  ၁ စည်း

မုန်လာဥနီ  –  ၁ ဥ

အပ်မှို  –  တစ်ဝက်

ရှီတာခီမှို  –  ၄ ခု

Zucchini  –  တစ်ဝက်

ပန်းငရုတ်ပွ (နီ၊ စိမ်း)  –  ၁ ခြမ်းစီ

ဆော့စ်ချက်ရန်

ငရုတ်သီးအနှစ်  –  စားပွဲဇွန်း ၂ ဇွန်း

သစ်တော်သီး  –  ၁/၂ လုံး (အရည်ညှစ်ထားပါ)

ဟင်းချက်ဝိုင်  –  စားပွဲဇွန်း ၂ ဇွန်း

ရေ  –  စားပွဲဇွန်း ၃ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

နှမ်းဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အမဲသားကို အချောင်းလေးတွေ လှီးထားပါ။ ပဲငံပြာရည်အကြည်၊ နှမ်းဆီနည်းနည်းနဲ့ ဒယ်အိုးပေါ်မှာ ကြော်ပေးပါ။ ပြန်ဆယ်ပြီး သတ်သတ်ဖယ်ထားပါ။ မုန်လာဥနီ၊ Zucchini, ငရုတ်ပွတို့ကို အချောင်းလေးတွေ လှီးထားပါ။ မုန်လာဥနီ၊ Zucchini, ငရုတ်ပွနှင့် မှိုတို့ကို ဆား၊ နှမ်းဆီ နည်းနည်းနဲ့ အနည်းငယ်ကြော်ပြီး သတ်သတ်ဖယ်ထားပါ။ ဟင်းနုနယ်ကို အညစ်အကြေးတွေ စင်သွားအောင် ရေဆေးပြီး အနေတော်လေးတွေ သင်ထားပေးပါ။ ရေနွေးဖျော ပြီး နှမ်းဆီ၊ ပဲငံပြာရည်အကြည်တို့နဲ့ နယ်ထားပါ။ ပဲပင်ပေါက်ကို ထည့်မယ်ဆိုရင်လည်း ဟင်းနုနယ်ကဲ့သို့ ရေနွေးဖျောပြီး နယ်ထားပါ။

၃။       ဆော့စ်ချက်မယ့် ပါဝင်ပစ္စည်းအားလုံးကို မီးဖိုပေါ်မှာ အရည်ပျစ်ပြီး ဆော့စ်အနေအထားရသည်အထိ ချက်ပေးပါ။

၎။       ပန်းကန်လုံးတစ်လုံးထဲမှာ ထမင်းကို အောက်ခံထားပြီး အပေါ်မှ ချက်ထားတဲ့ အမဲသား၊ အသီးအရွက်တွေ အားလုံးကို ပုံမှာပြထားတဲ့အတိုင်း ပြင်ဆင်ပါ။ ကြက်ဥတစ်လုံးကိုကြော်ပြီး အပေါ်ကနေ တင်ပြီး ပြင်ဆင်ပေးပါ။ အားလုံးကို ဆော့စ်နဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Facebook Comments