Beef Ball Spaghetti

by Hsu Myat Oo for Food Magazine

အမဲသားလုံးအတွက် ပါဝင်ပစ္စည်းများ

အမဲသား  –  ၂၀ဝ ဂရမ် (ကြိတ်ပြီးသား)

ကြက်သွန်ဖြူ (အကြီး)  –  ၃ မြွှာ(နုပ်နုပ်စဉ်းထားပါ)

ကုဆိုင်  –  ၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

စပါးလင်  –  ၅ ဂရမ်

ချင်း  –  စားပွဲဇွန်း ၁ ဇွန်း (ခြစ်ပြီးသား)

ငါးငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးခွဲကြမ်း  –  စားပွဲဇွန်း ၁ ဇွန်း

နှမ်းဆီ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြားအညို  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးဆော့စ်  –  စားပွဲဇွန်း ၁ ဇွန်း

အမဲသားလုံး ပြုလုပ်နည်း

၁။       စပါးလင်ကို ရင့်သည့်အပေါ် ပိုင်းများ ဖယ်ရှားပြီး နုပ်နုပ်စဉ်းထားပါ။ ပါဝင်ပစ္စည်းအားလုံးကို ဇလုံအကြီးတစ်လုံးထဲ ထည့်ပြီး သမ အောင် ရောနယ်၍ ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် နှပ်ထားပါ။

၂။       နှပ်ထားတဲ့ အမဲသားလုံးများကို အလုံးလေးများ လုံးပြီး အိုးထဲ ဆီထည့်ကာ ဆီပူလာပြီဆိုလျှင် အသား လုံးလေးများ အညို ရောင်ရသည်အထိ ကြော်ပြီး ပန်းကန်တစ်လုံးထဲမှာ ခဏဖယ်ထားပါ။

Beef Ball Spaghetti အတွက် ပါဝင်ပစ္စည်းများ

သံလွင်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ARRABBIATA HOT Pasta  –  ၃၀ဝ ဂရမ်

စပါကတီ  –  ၂၀ဝ ဂရမ်

ဆား၊ ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အော်ရီဂါနိုမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၅၀ ဂရမ် (နုပ်နုပ်စဉ်းပြီးသား)

ကြက်သွန်နီ  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်းပြီးသား)

Beef Ball Spaghetti ပြုလုပ်နည်း

၁။       စပါကတီကို အထုပ်ပါ အညွှန်းအတိုင်း ပြုတ်ထားပါ။ စပါကတီကျက်ပြီဆိုလျှင် ဆန်ခါနဲ့စစ်၍ ခေါက်ဆွဲသားများ မကပ်အောင် သံလွင်ဆီ ဆမ်းပြီး နယ်ထားပါ။

၂။       ခရမ်းချဉ်သီးဆော့စ်ချက်ရန်အတွက် အိုးကို ပူအောင်တည်ပြီး အိုးထဲ သံလွင်ဆီ ထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပါ။ အော်ရီ ဂါနို ထည့်ပြီး သမအောင်ရောမွှေပါ။ ကျက်ပြီးသား စပါကတီ၊ အမဲသားလုံးများ ထည့်ပြီး ရောမွှေပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments