BBQ Pork Ribs Grilled

by မေဖြိုးသီ for Food Magazine

ဒီလမှာတော့ အနောက်တိုင်းစားသောက်ဆိုင်တွေမှာ ရေပန်းစားနေတဲ့ ဝက်နံရိုးကင်လေးကို ရွေးချယ်ထားပါတယ်။

အဲဒီဝက်နံရိုးကင်လေးက မထင်မှတ်ထားလောက်အောင် ပြုလုပ်ရတာ လွယ်ကူပြီး အနံ့၊ အရသာနဲ့ ပြည့်စုံပြီး စားလို့လည်း အလွန်ကောင်းပါတယ်။ အဲဒါကိုတော့ များသော အားဖြင့် အာလူးချောင်းကြော်လေးတွေနဲ့ တွဲဖက်စားကြသလို ပြောင်းဖူးကင် အရွက်ပြုတ်လေးတွေနဲ့လည်း စားကြပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်နံရိုး –  ၂ ကီလိုဂရမ်

အာလူး –  ၂ လုံး

BBQ Sauce –  ၁၀ဝ ဂရမ်

ဆား –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

Onion Powder –  စားပွဲဇွန်း ၁ ဇွန်း

Garlic Powder –  စားပွဲဇွန်း ၁ ဇွန်း

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ပန်းသီးရှလကာရည် –  စားပွဲဇွန်း ၄ ဇွန်း

Mustard Powder –  စားပွဲဇွန်း ၁ ဇွန်း

Dried Parsley –  စားပွဲဇွန်း ၁ ဇွန်း

အရောင်တင်မှုန့် –  စားပွဲဇွန်း ၂ ဇွန်း

သကြားညို –  စားပွဲဇွန်း ၃ ဇွန်း

ဂေါ်ဖီသုပ်ရန် ပါဝင်ပစ္စည်းများ

ဂေါ်ဖီထုပ် –  ၁၅ ဂရမ်

မုန်လာဥ –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Slad Dressing –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ သန့်စင်ထားတဲ့ ဝက်နံရိုးကို BBQ Sauce  မှလွဲ၍ ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့် စသည့် ပါဝင် ပစ္စည်းများအားလုံး ထည့်ပြီး နှံ့စပ်အောင် နယ်ပါ။

၂။       ပြီးလျှင် အကင်ဖိုထဲ ထည့်ရန် အလူမီနီယံစက္ကူဖြင့် အပေါ်ကအုပ်ပြီး အပူချိန် ၁၇၅ ဒီဂရီစင်တီဂရိတ် နှင့် မိနစ် ၃၀ ခန့် ကင်ပါ။ အကင်စက်မရှိပါက အလူမီနီယံ စက္ကူဖြင့် နံရိုးကို ထုပ်ပြီး မီးဖိုပေါ်မှာ တိုက်ရိုက် အပူပေးကင်နိုင်ပါတယ်။

၃။       ပြီးလျှင် ဝက်နံရိုးအပေါ်မှာBBQ Sauce  ကို နှံ့စပ်အောင်  သုတ်လိမ်းပြီး အလူမီနီယံ ပြား မသုံးတော့ဘဲ ၅ မိနစ်ခန့် ပြန်ကင်ပေးပါ။

၎။       ပြီးလျှင် BBQ Pork Ribs Grilled လေး ရပါပြီ။

၅။       အဲဒါနဲ့ တွဲစားဖို့ကတော့ အာလူးကို အစိတ်လေးများပြုလုပ်ပြီး ရေနွေးပူပူမှာ ၁၀ မိနစ်ခန့်ပြုတ်၍ အအေးပြန်ခံပြီး ဆီပူပူမှာ ကြော်ပါ။

၆။       အာလူးလေးများ အပြင်သားြွကပ်လာပြီဆိုလျှင် ဆယ်ယူ၍ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့် ဖြူးပြီး နံရိုးဘေးမှာ အလှဆင်ပေးပါ။

၇။       နောက်ထပ်တွဲဖက်စားဖို့ကတော့ Coleslaw Slad လေးပါ။

၈။       အဲဒါကတော့ ဂေါ်ဖီ၊ မုန်လာဥ၊  ကြက်သွန်မြိတ်တို့နှင့် ရော၍၊ မရောနိစ် (သို့) နှစ်သက်ရာ dressing ကို ရော၍ သုပ်ပြီး စားသုံးနိုင်ပါတယ်။

၉။       ယခုဆိုလျှင် နူးညံ့ပြီး အရသာရှိတဲ့ ဝက်နံရိုးကင်လေးနှင့် အာလူြးွကပ်ကြော်လေး ရပါပြီ။

Facebook Comments