Basic Overnight Oat and Apple Autumn Spice

by Hsu Myat Oo for Food Magazine

ပါဝင်ပစ္စည်းများ

အုတ်ဂျုံ –   ၅၀ ဂရမ်

နွားနို့  –  ၁၀ဝ ဂရမ်

ဒိန်ချဉ်  –  ၅၀ ဂရမ်

ပျားရည်  –  ၂ ဇွန်း (သို့) ၃ ဇွန်း

ပြုလုပ်နည်း

အားလုံးကို ပန်းကန်လုံး ၁ လုံး (သို့) အဝကျယ် ပုလင်း ၁ လုံးထဲမှာ ရောပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပါ။ မနက်ရောက်ရင်  အေးအေးလေး စားလို့ရတာပေါ့။ Basic Overnight Oat ကို အောက်ပါ ပါဝင်ပစ္စည်းများနှင့် ရောစားပါ။ အကယ်၍ အေးအေးကြီး စားရတာ မကြိုက်ဘူးဆိုလျှင် မနက်ရောက်မှ Basic Overnight Oat ပါဝင်ပစ္စည်းများနှင့် အောက်ပါ ပါဝင်ပစ္စည်းများကို တစ်ခါတည်း ရောစားလည်း ရပါတယ်။

Apple Autumn Spice

ပါဝင်ပစ္စည်းများ

ပန်းသီး  –  တစ်ဝက်

သစ်ကြံပိုးခေါက်  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဇာတိပ္ဖိုလ်သီးမှုန့်  –  အနည်းငယ်

သီဟိုဠ်စေ့  –  အနည်းငယ်

ပြုလုပ်နည်း

Basic Overnight နှင့်အတူ ရောစားပါ။

Facebook Comments