Basel Bread

by Chef Saw Sar Mular for Food Magazine

ပြုလုပ်ချိန် ၃ နာရီ၊ အရေအတွက် ၃ ခု

          ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်မရရင် အခြောက်သုံးလို့ရပါတယ်။ ပိုအရသာပြင်းချင်ရင်တော့ ပင်စိမ်းရွက်ကို ပါဝင်ပစ္စည်းဖြစ်တဲ့ သံလွင်ဆီနဲ့ ရောကြိတ်ပြီး မုန့်သားထဲ ထည့်နယ်လည်း ရပါတယ်။ သံလွင်ဆီမရှိရင် ဟင်းသီးဟင်းရွက်ဆီ၊ ပြောင်းဖူးဆီ သုံးလို့ရပါတယ်။ သံလွင်ဆီက ပို အရသာရှိပါတယ်။ အခြားဟင်းခတ်အမွှေးအကြိုင်အရွက်တွေ သုံးလို့လည်းရပါတယ်။ ပေါင်မုန့်ကို လိုချင်တဲ့အလုံး အကြီး၊ အသေး၊ အရှည်လည်း လုပ်လို့ရပါတယ်။

Basel Bread (အချဉ်ဖောက်မုန့်သား)

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ ဂရမ်

ရေ  –  ၅၀ ဂရမ်

Yeast (ပွဆေး)  –  ၅ ဂရမ်

ပြုလုပ်နည်း

          ပါဝင်ပစ္စည်းအားလုံး ရောမွှေပြီး ဇလုံထဲထည့်ပါ။ အပေါ်က ပလတ်စတစ်ဖြင့် ဖုံးပြီး ရေခဲသေတ္တာထဲ သိမ်းထားပါ။ နောက်နေ့သုံးလို့ရပါပြီ။ အနည်းဆုံး ၆ နာရီခန့်လုပ်၍ အပြင်မှာထားပြီး အချဉ်ဖောက်နိုင်ပါတယ်။

Basel Bread အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၅၀ဝ ဂရမ်

Yeast (ပွဆေး)  –  ၇ ဂရမ်

သံလွင်ဆီ  –  ၅၀ ဂရမ်

ဆား  –  ၇ ဂရမ်

ရေ  –  ၅၃၀ ဂရမ်

ပင်စိမ်းရွက်  –  ၁ စည်း (၆၀ ဂရမ်)

ရေ  –  ၃၂၀ ဂရမ်

Soudough

ပြုလုပ်နည်း

၁။       ပင်စိမ်းရွက်ကို နုပ်နုပ်စဉ်းပြီး သံလွင်ဆီနှင့် စိမ်ပါ။

၂။       ပါဝင်ပစ္စည်းအားလုံး ဆားမှလွဲ၍ အကုန် အနှေး Speed ဖြင့် ရောမွှေပါ။ ၁ မိနစ်ကြာ မွှေပြီး ဆားထည့်၍ Medium Speed ဖြင့် ဆက်မွှေပါ။ ၅ မိနစ်ခန့်မွှေပြီးလျှင် မုန့်သား တော်မတော် စစ်ကြည့်ပါ။ ဂျုံသားအနည်းငယ်ယူ၍ လက်နှင့်ဖိပြီး ပလတ်စတစ်လို ပါးပါးကျန်အောင် ဆွဲကြည့်ပါ။ ဂျုံသားမပြဲထွက်၊ မပြတ်ထွက်တော့ဘူးဆိုလျှင် ရပါပြီ။ ပြဲထွက်၊ ပြတ်ထွက်သေးလျှင် အချိန်အနည်းငယ် ဆက်၍နယ်ပါ။

၃။       နယ်ပြီးသား ဂျုံသားကို လက်နှင့်ပြားပြီး ဘေးဘက်မှာရှိသော ဂျုံသားအားလုံးကို အလယ်သို့စု၍ လုံးပြီးလျှင် ဇလုံတစ်လုံးထဲ ထည့်သိမ်းထားပါ။ ဂျုံသားရဲ့ အပေါ်ယံများ မခြောက်စေရန် ပလတ်စတစ်အုပ်ထားပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာလျှင် နဂိုမူလ ဂျုံလုံးထက် တစ်ဆနီးပါးပွ၍ ကြီးလာပါမယ်။ ထိုသို့ ပထမအကြိမ် အနားပေးပြီး နောက်တစ်ကြိမ် ဂျုံလုံးကို လက်ဖြင့် ရိုက်ပြား၍ လေထုတ်ပြီး ပထမအကြိမ်အတိုင်း ပြန်လုံး၍ အနားပေးပါ။

၎။       ပြီးလျှင် ၂ ကြိမ်အနားပေးပြီးသော ဂျုံသားကို ၃၀ဝ ဂရမ်စီ သုံးပိုင်းပိုင်း၍ လုံးပြီး အပွခံပါ။ တစ်ဝက် ခန့်ပွသောအခါ ပေါင်မုန့်သားအပေါ်သို့ ဓားထက်ထက်ဖြင့် မိမိလိုချင်သော ဒီဇိုင်းလေးများကို ခွဲပြီး ဆက်၍ အပွခံပါ။ အပေါ်အောက် မီးအပူချိန် 20˚C တင်ထားပါ။

၅။       အပွခံ၍ ပွလာသော ပေါင်မုန့်များကို အဆင်သင့်မီးအပူချိန်ရှိသော မီးဖိုထဲမှာ ၁၅ မိနစ်ခန့် ဖုတ်ပါ။ ရွှေဝါရောင်သန်းလျှင် ရပါပြီ။ အရောင်မတက်သေးလျှင် အချိန် အနည်းငယ်ထပ်ဖုတ်ပါ။ ကျက်လျှင် မီးဖိုထဲမှထုတ်ပြီး သံလွင်ဆီဖြင့် သုတ်ပေးပါ။ အနည်းငယ်အအေးခံပြီး ပူပူနွေးနွေးအရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments