Baked Potato Wedges (အာလူးချောင်းမီးကင်)

for Food Magazine

ပါဝင်ပစ္စည်းများ

အာလူးအလုံးကြီး  –  ၅ လုံး

သံလွင်ဆီ  –  စားပွဲဇွန်း ၃-၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူအမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

Oregano  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

Parmesan Cheese  –  စားပွဲဇွန်း ၅ ဇွန်း

Mexican Salasa (တွဲဖက်သုံးဆောင်ရန်)

ပြုလုပ်နည်း

၁။       အာလူးကို သဲ၊ ဖုန်များ ပြောင်စင်အောင် ဆေးထားပါ။ အာလူးကို အချောင်းကြီးကြီး ဖြတ်ပြီး Parmesan Cheese တစ်ဝက်ထည့်၍ ကျန်ပါဝင်ပစ္စည်း အားလုံးနဲ့ သမအောင် ရောနယ်ထားပါ။

၂။       ဖုတ်မည့်ဗန်းထဲမှာ အာလူးများကို သေချာစီထည့်ပြီး အပေါ်မှ Parmesan Cheese ဖြူးကာ မီးဖိုထဲမှာ အပူချိန် 200˚C နှင့် မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ဖုတ်ပေးပါ။ မိမိကြိုက်နှစ်သက်ရာ ဆော့စ်ဖြင့် တွဲပြီး သုံးဆောင် နိုင်ပါပြီ။

Facebook Comments