Baileys Macchiato

by Barista Kyaw Swar Thein for Food Magazine

          ဒီကော်ဖီပူပူလေးကို အေးမြတဲ့ရာသီဥတုမှာ သောက်သုံးဖို့အတွက် ရည်ရွယ်ထားပါတယ်။ Alcohol ရာခိုင်နှုန်း အနည်းငယ်ပါဝင်တဲ့ BAILEYS ကြောင့် ရိုးရှင်းပေမယ့်လည်း ထူးခြားတဲ့ ပေါင်းစပ်ခံစားမှုကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

Baileys  –  15 ml

Espresso  –  30 ml

Milk Foam  –  3 tea spoon

Coffee Powder  –  A Little

ဖျော်စပ်နည်း

          ဖျော်စပ်နည်းကတော့ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။ Micro Wave ထဲမှာ Baileys ကို ၁၀ စက္ကန့်ခန့် အပူပေးပါ။ ပြီးလျှင် Shot Glass ထဲသို့ ထည့်ပါ။ Espress ကို Baileys အပေါ်မှ ဖြည်းဖြည်းချင်း ဇွန်းခံပြီး လောင်းပေးပါ။ နို့အမြှုပ်ကို ဇွန်းဖြင့် ခပ်တင်ပေးပါ။ ကော်ဖီမှုန့်အနည်းငယ်ကို ဖြူးပေးပါ။ Baileys Macchiato တစ်ခွက်ကို ရရှိပါပြီ။ ကျေးဇူးတင်ပါတယ်။

Facebook Comments