Baba Rum

by Chef Saw Sar Mular for Food Magazine

Rum Baba လို့လည်း ခေါ်ပါတယ်။ Yeast (ပွဆေး) အနည်းငယ်ပါတဲ့ ကိတ်ဖြစ်ပြီး သကြားရည်နဲ့ အရက်၊ ဝိုင်၊ (အများအားဖြင့် ရမ်) နှင့် ရော ပြီး မုန့်သားထဲကို ရမ်၊ သကြားရည်ရောက်အောင် စိမ်ပြီး အပေါ်မှာ Topping Cream, Whipping Cream, Pasty Cream  နှင့် အလှဆင်ပြီး

စားတဲ့ အချိုပွဲပါ။ မုန့်သားထဲမှာတော့ ကိတ်ဂျုံ၊ ကြက်ဥ၊ နွားနို့နှင့် သကြား ပါပါတယ်။ လိုအပ်ရင် လိမ္မော်အခွံ၊ သံပရိုသီးအခွံ ခြစ်ထည့်လို့ ရပါတယ်။ စပျစ်သီးခြောက်နဲ့ ရမ်ကိုပါ ရောထည့်လို့ရပါတယ်။ အများအားဖြင့် အရှည် ၅ စင်တီမီတာ စလင်ဒါ ပုံသဏ္ဌာန်မျိုးတွေလည်း လုပ်ပါတယ်။ ပြင်သစ် နိုင်ငံကနေ စတင်ပြုလုပ်ခဲ့တဲ့ မုန့်ပါ။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ –  ၁၅၀ ဂရမ်

နွားနို့ –  ၆၀ ဂရမ်

Yeast (ပွဆေး) –  ၈ ဂရမ်

ကြက်ဥ –  ၁ လုံး

သကြား –  ၁၅ ဂရမ်

ဆား –  ၃ ဂရမ်

ထောပတ် –  ၃၀ ဂရမ်

ပြုလုပ်နည်

၁။       ဆားမှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံး စက်ထဲထည့်ပြီး Slow Speed ဖြင့် မွှေပါ။ ၁ မိနစ်ခန့် နယ်ပြီး ဆားထည့်၍ Medium Speed  ဖြင့် မွှေပါ။ ဂျုံသားကို အနည်းငယ်ယူ၍ ဖိဆွဲကြည့်ပြီး ဂျုံသားပါး၍ မပြတ်ထွက်၊ မပြဲထွက်တော့တဲ့အထိ ဂျုံသားကို နယ်ပါ။

၂။       ဂျုံသားနယ်၍ အဆင်သင့် ပျစ်ပြီဆိုလျှင် ဂျုံသားကိုလုံးပြီး ဇလုံထဲထည့်ပါ။ အပေါ်မှာ ဂျုံမျက်နှာပြင်မခြောက်အောင် ပလတ်စတစ် (သို့) အဝတ်ဖြင့် ဖုံးထားပါ။ မိနစ် ၂၀-၃၀ (သို့) နဂိုမူလထက် ဂျုံလုံးတစ်ဆနီးပါးရှိလာလျှင် လက်ဖြင့် ဂျုံလုံး ကို ဖိပြား၍ လေထုတ်ပြီး ဒုတိယအကြိမ် ထပ်မံ၍ ပထမ

အတိုင်း အနားပေးပြီး အပွခံပါ။

၃။       ၂ ကြိမ် အနားပေးအပွခံပြီးလျှင် ဂျုံ ၁ လုံးကို ၃၀ ဂရမ်စီ ဖြတ်ချိန်၍ လုံးပြီး ကပ်ကိတ် (သို့) Muffine ခွက်ထဲ ထောပတ် ဆီသုတ်၍ လုံးပြီးသား ပေါင်မုန့်ကလေးများကို ထည့်ပါ။ နဂိုမူလထက် ဂျုံလုံးလေးများ တစ်ဆနီးပါးဖြစ်အောင် အပွခံ ပါ။ အပွခံချိန်ကတော့ အခန်းအပူချိန်ပေါ်မှာ မူတည်၍ ပူလျှင် အပွမြန်ပြီး အေးလျှင် အပွနှေးပါတယ်။ အပြင်မှာ အပွခံလျှင် ပေါင်မုန့်မျက်နှာပြင် မခြောက်အောင် လေလုံသည့်အထဲ

(သို့) ပလတ်စတစ်ဖြင့် အပေါ်မှ အုပ်ထားပါ။

၎။       မီးအပူချိန် အပေါ်အောက် 200˚C ခန့် တင်ထားပါ။ ပေါင်မုန့် ပွလျှင် အသင့်အပူချိန်ရှိသော မီးဖိုထဲမှာ ၅ မိနစ်ခန့် ဖုတ်ပါ။

၅ မိနစ်ပြည့်လျှင် ပေါင်မုန့်အပေါ်မှာ ထောပတ်ဆီ သုတ်ပေး ပြီး ၁ မိနစ်ခန့် ထပ်မံ၍ ဖုတ်ပါ။ ၁ မိနစ်ပြည့်လျှင် နောက်တစ် ကြိမ် ထောပတ်ဆီဖြင့် ထပ်မံ၍ သုတ်ပေးပြီးနောက် ၂ မိနစ် (သို့) အရောင်တက်လာသည် အထိ ဖုတ်ပါ။ ရွှေဝါရောင်သန်း ၍ ကျက်ပြီဆိုလျှင် မီးဖိုထဲမှ အပြင်သို့ ထုတ်ပြီး ထောပတ် ဆီသုတ်၍ မုန့်ကို အအေးခံပါ။ မုန့်ကို အအေးခံထားစဉ် သကြားရည်ကျိုပါ။

သကြားရည်အတွက် ပါဝင်ပစ္စည်းများ

သကြား –  ၃၀ဝ ဂရမ်

ရေ –  ၂၀ဝ ဂရမ်

ဖာလာအစေ့ –  ၁၀ စေ့

ဆား –  အနည်းငယ်

ရမ် –  ၅၀ ဂ၇မ်

ဗနီလာအနံ့ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       သကြား၊ ရေ၊ ဆားနှင့် ဖာလာအစေ့တို့ကို ပွက်ပွက်ဆူအောင် ကျိုပါ။ ခဏအအေးခံပြီး ရမ်၊ ဗနီလာအနံ့ရော၍ ထည့်ပါ။

ဂ        ဖာလာအစား သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ လိမ္မော်ခွံကို ထည့် နိုင်ပါတယ်။

၂။       အအေးခံထားသော ပေါင်မုန့်လုံးလေးများကို သကြားရည်ထဲ နှစ်ပြီး မုန့်အတွင်းထဲ သကြားရည်ရောက်သည်အထိ စိမ်ပါ။ အားလုံးစိမ်ပြီးလျှင် ပေါင်မုန့်အပေါ်မှာ Apricot Glazing Jel ကို တောက်ပြောင်လာအောင် သုတ်ပေးပါ။

Apricot Glazing Jel –         ၁၀ဝ ဂရမ်

ရေ –         ၁၀ဝ ဂရမ်

Apricot Glazing Jel နှင့် ရေကို ပွက်ပွက်ဆူအောင်ကျိုပြီး အသုံးပြုနိုင်ပါတယ်။

အပေါ်မှ အလှဆင်ရန်

Topping Cream –  ၁၀ဝ ဂရမ်

ချယ်ရီသီးအနီ

Topping Cream  ကို ပြည့်ခဲလာသည်အထိ စက်နှင့်မွှေပါ။ ခရင်မ်ကို Star Nozzel  ကို Piping Bag ထဲ ထည့်၍ ပေါင်မုန့်ကို အပေါ်အလယ်မှ တစ်ဝက်ခွဲပြီး ခရင်မ် ညှစ်ထည့်ပါ။ ခရင်မ် အပေါ်မှ ချယ်ရီသီးအနီကို တင်၍ အလှဆင်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Facebook Comments