Au Gratin Potato

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီအစားအစာကတော့ ပြင်သစ်က ဆင်းသက်လာတာပါ။ နေ့ခင်းစာနဲ့ ညစာတွေ စားတဲ့အခါမှာ အရန်အစားအစာအဖြစ် စားသုံးကြတာပါ။ လုပ်တဲ့ပုံစံလေးတွေ အမျိုးမျိုးရှိပေမယ့် ကျွန်တော့်အကြိုက်ဆုံးပုံစံလေး လုပ်ပြပါမယ်။ အဲဒါကတော့ အရသာ ပိုကောင်းပြီးတော့ လုပ်ရတာ မြန်ဆန်လို့ပါ။

ပါဝင်ပစ္စည်းများ

Potato (အာလူး)  –  ၃ ကီလိုဂရမ်

Milk (နို့)  –  ၁ လီတာ

Whipping Cream (ခရင်မ်)  –  ၃၀ဝ ဂရမ်

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  အနည်းငယ်

Nutmeg (ဇာတိပ္ဖိုလ်မှုန့်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Butter (ထောပတ်)  –  ၁၀ဝ ဂရမ်

Gruyere Cheese  –  ၁၀ဝ ဂရမ်

Parmesan Cheese  –  ၂၀ ဂရမ်

Mozzarella Cheese  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       အာလူးကို နွှာ၍ အဝိုင်းပြားလေးများဖြစ်အောင် ခပ်ထူထူလေးလှီးပါ။ နွားနို့နှင့် အာလူးနူးလာအောင် ပြုတ်ပါ။ ဆား၊ ငရုတ်ကောင်းရော အတူတူထည့်ပါ။

၂။       အရည်လည်းခန်းပြီး အာလူးနူးတဲ့အချိန်မှာ ချိစ်သုံးမျိုးမှလွဲ၍ ကျန်တာအားလုံးကို ထည့်မွှေပါ။ ပြီးလျှင် ဖုတ်မည့်ဗန်းထဲ ထည့်ပါ။

၃။       အပေါ်မှ ချိစ်များ အာလူးဖြူးထည့်ပြီး အာဗင်ထဲ ထည့်ဖုတ်ပါ။ အရည်လေးခန်းပြီး အရောင်လေးလည်း ဝါဝင်းတောက်ပလာလျှင် ရပါပြီ။

Facebook Comments