Almond Butter Cake

 Evy_5

Evy_4

Evy_6

          ဒီလ Coffee, Tea and Snack အစီအစဉ်အတွက်တော့ ကိုယ်တိုင်ဆန်းသစ်ကြည့်ထားတဲ့ Recipe အသစ်ကလေးကို မျှဝေပေးလိုက်ပါတယ်။ ရိုးရိုးထောပတ်ကိတ်ကိုမှ Almond Meal ထည့်ထားတော့ အရသာဆိမ့်ဆိမ့် မုန့်သားမွမွနဲ့ တော်တော်စားလို့ကောင်းပါတယ်။ Almond Tart နဲ့ Butter Cake ကြားထဲက မုန့်သားအနေပါ။ ဒါ့အပြင် အချိုလေးလည်း ပေါ့ထားတာကြောင့် Coffee ခါးခါးလေးနဲ့ဆိုရင် အရမ်းကိုလိုက်ဖက်ညီပါတယ်။ စမ်းဖြစ်အောင် စမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်နော်။

►   ပါဝင်ပစ္စည်းများ

♦   ထောပတ်   –   ၁၆ဝ ဂရမ်

♦   သကြား   –   ၁ဝဝ ဂရမ်

♦   ကြက်ဥ   –   ၂ လုံး

♦   ဂျုံ   –   ၁ဝဝ ဂရမ်

♦   Almond Meal   –   ၆ဝ ဂရမ်

♦   ဘိတ်ကင်ပေါင်ဒါ   –   ၅ ဂရမ်

♦   ဗနီလာအနံ့   –   အနည်းငယ်

♦   နို့စိမ်း   –   စားပွဲဇွန်း ၂ ဇွန်းခွဲ

♦   Almond Flake   –   အနည်းငယ်

♦   ချောကလက်   –   အနည်းငယ်

   (ခြစ်ထည့်ပေးရန်)

►   လုပ်နည်းအဆင့်ဆင့်

၁။      မုန့်ဖုတ်မယ့်ခွက်ကို (၆လက်မ အဝိုင်း) ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။

၂။      ဂျုံ၊ ပွဆေးကို ဆန်ခါချထားပါ။ Almond meal ကိုပါ ရောမွှေထားပါ။

၃။      နို့ကို ဗနီလာအနံ့နဲ့ ရောထားပေးပါ။

၎။      ပထမဆုံး သကြားနဲ့ ထောပတ်ကို ပွလာအောင်မွှေပေးပါ။

၅။      ကြက်ဥကို ဖြည်းဖြည်းချင်းထည့်ပြီး သမအောင်ထည့်မွှေပေးပါ။

၆။      ဂျုံနဲ့ နို့ကို သကြားထောပတ်အရောထဲ ထည့်မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်း ထည့်မွှေပေးပါ ။

၇။      ချောကလက်ကိုလည်း အနည်းငယ်ခြစ်ထည့်ပေးကာ သမအောင်မွှေပါ။

၈။      ရလာသောမုန့်နှစ်ကို မုန့်ဖုတ်မယ့်ခွက်ထဲထည့်ကာ မျက်နှာပြင်ညှိပါ။

၉။      ထို့နောက် Almond Flake ကိုဖြူးကာ ၁၆ဝ ဒီဂရီအပူပေးထားသော Oven မှာ မိနစ် ၄ဝ ခန့်ဖုတ်ပေးပါ။

၁ဝ။    မုန့်ကျက်မကျက်ကို တုတ်လေးနဲ့ မုန့်ခလယ်တည့်တည့်ကို ထိုးကြည့်ပါ။ မုန့်နှစ် ကပ်မပါလာရင် ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments