ကြက်ဥ Sandwich

warthanar_6

warthanar_4

warthanar_3

အမည် – ငြိမ်းချမ်းအောင်

အသက် – ၂၂ နှစ်

အလုပ်အကိုင် – ကျောင်းသား (2nd year Civil)

          အချက်အပြုတ်ကိုတော့ ၇တန်း၊ ၈တန်းလောက်ကတည်းက စပြီးတော့ ဝါသနာပါခဲ့တာပါ။ စပြီးတော့ ဝါသနာပါဖြစ်တာကလည်း အဘွားချက်ပြုတ်နေတာကို ဝင်ဝင်ကူညီညာလုပ်ရင်းနဲ့ ဝါသနာပါသွားတာပါ။ တကယ်တမ်း အချက်အပြုတ်ကိုသင်ယူမိတာကလည်း အဘွားဆီကပါ။ နောက်ထပ်ကတော့ အဖေက စား သောက်ဆိုင်ဖွင့်ထားတော့ ဆိုင်က စားဖိုမှူးတွေချက် တာပြုတ်တာတွေကို ကြည့်တယ်။ နောက်ပိုင်း ကိုယ်ကိုယ်တိုင်လည်း သွားချက်ကြည့်တယ်။ အခု Food Magazine လို ချက်ပြုတ်နည်းတွေကိုလည်း ဖတ်တယ်။ လေ့လာတယ်။ ပြီးရင် လိုက်ချက်ကြည့်တယ်။ ဟင်းပွဲဆန်းဆန်းလေးတွေကိုဆိုရင်လည်း ကိုယ်တိုင်တီထွင်ပြီးတော့ချက် ကြည့်ချင်တယ်။ လောလောဆယ်တော့ တရုတ်အစား စာချက်တာတွေကို လေ့လာနေပါတယ်။ ကျွန်တော်လက် ရာထဲမှာ လူကြိုက်များတာကတော့ ပင်စိမ်း ထမင်းကြော်ပါ။ နောက်ထပ် ထူးဆန်းပြီး အပိုင်အနိုင်ချက်တက်တာ ဆိုရင်တော့ ကျွန်တော့်အဘွားတို့ ပုပ္ပါးဘက်က မုန့်ဟင်းခါးပါ။သူကမှာထူးခြားတဲ့အချက်ကတော့ ငါးနဲ့ချက်တာ မဟုတ်ဘဲ ပဲဟင်းနဲ့ချက်တဲ့ ပဲမုန့်ဟင်းခါးပါ။ ပဲဟင်းနဲ့ ချည်းချက်ထားတော့ တစ်မျိုးတော့ စားလို့ကောင်းပါတယ်။ အခုလောလောဆယ်တော့ ကျောင်း တက်နေတော့ ကျောင်းပြီးရင် အချက်အပြုတ်နဲ့ပတ်သက်ပြီး သင်တန်းတက်ဖို့တော့ အစီအစဉ်ရှိပါတယ်။အခုလုပ်ပြတဲ့ ကြက်ဥှSandwich လေးက စာဖတ်သူတွေအိမ်မှာ လိုက်လုပ်စားကြည့်ပါ။လုပ်ရတာလည်း လွယ်ကူပါတယ်လို့။ အခုလို ဝါသနာရှင်တစ်ယောက်အနေနဲ့ Food မဂ္ဂဇင်းမှာဖော်ပြခွင့်ရတဲ့အတွက်လည်း အရမ်းပဲကျေးဇူးတင်ပါ တယ်။ ပျော်လည်းပျော်မိပါတယ်။

►  ပါဝင်ပစ္စည်းများ

(Sandwich တစ်ချက်စာအတွက်)

Sandwich ပေါင်မုန့်     –  ၂ချပ်

ချိစ်   –  ၁ပြား

နံနံပင်   –   အနည်းငယ်

သခွားသီး    –   အနည်းငယ်

ခရမ်းချဉ်သီး    –   အနည်းငယ်

ကြက်ဥ    –    တစ်လုံး

Mayonnaise    –     အနည်းငယ်

►  ပြုလုပ်ပုံ အဆင့်ဆင့်

          ကြက်ဥကိုကြော်ပြီး မွှေထားပါ။ ပြီးရင် Mayonnaise နှင့်ရောပါ။ ထို့နောက် Mayonnaiseကြက်ဥမွေရောထဲသို့ ပါဝင်ပစ္စည်းများဖြစ်သည့် သခွားသီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ကို နုပ်နုပ်စဉ်းပြီးတော့ ထည့်ပါ။ ပြီးလျှင်Sandwich ပြုလုပ်မည့် ပေါင်မုန့်ကို မီးကင်ပါ။ ချိစ်ထည့်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများရောမွေထားသော Mayonnaise ကို ထည့်ပြီးပါက ကြက်ဥ Sandwich ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments