ကြက်အူချောင်းဘေကွန်လိပ် (Bacon Sausage Roll)

ဒီကြက်အူချောင်း ဘေကွန်လိပ်က လုပ်ရတာလွယ်ကူပြီး စားလို့ကောင်း၊ မြည်းလို့ ကောင်းတဲ့ အစားအစာလေးပါ။ Bar တွေမှာဆိုရင် အလွန်ရောင်းကောင်းပါတယ်။ ဘေကွန်ကိုတော့ City Mart မှာ လွယ်ကူစွာ ဝယ်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • Bacon –  ၁၂ ပြား
  • ကြက်အူချောင်း –  ၄ ချောင်း
  • ထောပတ် –  ၃၀ ဂရမ်
  • ငရုတ်ကောင်း –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်အူချောင်းကို ရေနွေးဖြောပါ။ အဲဒီလိုလုပ်တာက ကြက်အူချောင်းထဲမှာ ပါတဲ့ အငန်ဓာတ်တွေနဲ့ အညှီနံ့တွေ ပျောက်စေချင်လို့ပါ။ ပြီးလျှင် တစ်ချောင်းစီကို သုံးပိုင်း ဖြတ်ပါ။

၂။       ကြက်အူချောင်းတွေကို ဘေကွန်နှင့် လိပ်ပြီး သွားကြားထိုးတံနှင့် ထိုးပါ။

၃။       အိုးတစ်အိုးကို အပူပေးပါ။ ပြီးလျှင် ထောပတ်ထည့်ပြီး ကြက်အူချောင်းဘေကွန်လိပ်ကို အိုးကပ် ကင်ပါ။ ငရုတ်ကောင်းထည့်ပြီး ဆားထည့်စရာမလိုပါ။ (သတိထားရမှာက ဘေကွန်မှာ အငန် ဓာတ်ပါပြီးသားဖြစ်လို့ ဆား မထည့်ရတာပါ။)

Facebook Comments

Menu