ကြက်သားနှမ်းဖတ်ချဉ်သုပ်

by Tin Tin Oo for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား  –  ၂၀ဝ ဂရမ်

နှမ်းဖတ်ချဉ်  –  စားပွဲဇွန်း ၂ ဇွန်း

နံနံပင်အမြစ်  –  ၅ မြစ်

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်း  –  ၃ ပြား

ဆား  –  အနည်းငယ်

ကြက်သားမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး

ရှောက်ရွက်  –  ၂ ရွက်

ငရုတ်သီးစိမ်း  –  ၂ တောင့်

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နံနံပင်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       နံနံပင်အမြစ်ကို ထုထားပါ။ ကြက်သွန်ဖြူ ၃ မြွှာကို ဓားပြားရိုက်ပါ။ ချင်းကို ပါးပါးလှီးထားပါ။ အိုးတစ်အိုးထဲ ရေထည့်၍ ချင်း၊ ကြက်သွန်ဖြူ၊ နံနံပင်အမြစ်တို့ကို ထည့်ပြီး ရေဆူအောင်တည်ပါ။ ရေဆူလျှင် ကြက်ရင်ပုံသားကို ထည့်ပြုတ်ပါ။ ဆား၊ ကြက်သားမှုန့်အနည်းငယ်ထည့်၍ ၁၀ မိနစ်ခန့်ပြုတ်ပြီး ကြက်သားကို ဆယ်ယူ၍ အအေးခံထားပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၂ မြွှာ၊ ရှောက်ရွက်နှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ အအေးခံထားတဲ့ ကြက်သားကို အမျှင်လေးတွေဖြစ်အောင် နွှင်ထားပါ။ ဇလုံတစ်လုံးထဲမှာ ကြက်သား၊ နှမ်းဖတ်ချဉ်၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သားမှုန့် အနည်းငယ်နှင့် ငံပြာရည်တို့ကို ရောပြီး သမအောင် ရောနယ်ပါ။

၃။       ဟင်းရည်အတွက် ကြက်သားပြုတ်ထားတဲ့ အရည်ကို နံနံပင်၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး အသုပ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Facebook Comments