ကြက်ဆီထမင်း

ကြက်ဆီထမင်းကိုတော့ အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ အများဆုံး ကျွေးမွေးတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ စားသောက်ဆိုင်တွေမှာ ရောင်းလို့ အဆင်ပြေအောင်  Main Food ပုံစံ ကြက်သားထဲမှာ အဆာသွတ်ပြီး ဖန်တီးထားတာပါ။ ကဲ… လုပ်ကြည့်ကြမယ်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်သားရင်အုံ –  ၁ ခု
  • ရှမ်းဆန် –  နို့ဆီဘူး ၁ ဘူး
  • ချင်း –  ၁ တက်
  • နနွင်းမှုန့် –  အနည်းငယ်
  • ကြက်ဆီ –  ထမင်းစားဇွန်း ၃ ဇွန်း
  • ဆား၊ ငရုတ်ကောင်းမှုန့် –  အနည်းငယ်
  • ဆလတ်ရွက်စုံ –  လက်တစ်ဆုပ်
  • နံနံပင် –  ၁ ပင်
  • Sweet Chilli Sa uce  –  ၁ ခွက်

ပြုလုပ်နည်း

၁။       ဦးစွာ ရှမ်းဆန်ကို ချက်ရပါမယ်။ ချင်းကို ဆီသတ်ပြီး နနွင်းမှုန့်ထည့်ပါ။ ပြီးလျှင် ရှမ်းဆန်ကို ဆေး၍ ရောထည့်ပါ။ ရေကို သင့်တော်ရုံ ထည့်၍ ဆားနှင့် ငရုတ်ကောင်း မှုန့်တို့ကို ထည့်ပြီး ချက်ပါ။

၂။       ကြက်ရင်အုံသားကို အပေါက်ဖောက်ပြီး အရသာနယ်ပါ။ ပြီးလျှင် ချက်ထားတဲ့ ရှမ်းဆန်ထမင်းကို အဆာသွတ်ထည့်ပြီး Pan ဖြင့် ကင်ပါ။ ကျက်ပြီဆိုလျှင် အဝိုင်း လေးများ လှီးဖြတ်၍ ပါဝင်ပစ္စည်းများ ထည့်ပြီး ပန်းကန်မှာ ပြင်ပေးလို့ ရပါပြီ။

Facebook Comments