ကြက်ကုလားပဲဟင်းနှင့် ခရမ်းချဉ်သီး ချပ်သ်နီး

by May Phyo Thi for Food Magazine

          မနက်ခင်းအဆာပြေစားနိုင်မယ့် ချပါတီ၊ ပလာတာ၊ နံပြား၊ ပူရီအတွက် တွဲဖက်စားနိုင်တဲ့ ကြက်ကုလားပဲဟင်းနှင့် ခရမ်းချဉ်သီး ချပ်သ်နီးကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကြက်ကုလားပဲဟင်းအတွက် ပါဝင်ပစ္စည်းများ

ကုလားပဲ  –  ၁၂၀ ဂရမ်

ကြက်သား  –  ၃၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၁၀ ဂရမ်

ငရုတ်သီးအရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကရဝေးရွက်  –  ၁ ရွက်

ဆီ  –  ၇၀ ဂရမ်

ဆား  –  ၅ ဂရမ်

အသားမှုန့်  –  ၅ ဂရမ်

ခရမ်းချဉ်သီး ချပ်သ်နီးအတွက် ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၁၀ ဂရမ်

ငရုတ်သီးအရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကရဝေးရွက်  –  ၁ ရွက်

ပျဉ်းတော်သိမ်  –  ၁၀ ရွက်ခန့်

မုန်ညင်းစေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း  –  ၇ တောင့်

ဆီ  –  ၃၀ ဂရမ်

ဆား  –  ၅ ဂရမ်

အသားမှုန့်  –  ၅ ဂရမ်

မန်ကျည်းရည်  –  စားပွဲဇွန်း ၃ ဇွန်း

ခရမ်းချဉ်သီး  –  ၄ လုံး

ပြုလုပ်နည်း

          ဦးစွာ ကုလားပဲကို တစ်ညသိပ် သို့မဟုတ် ၃ နာရီခန့် ရေစိမ်ထားပြီး နူးသည်အထိ ပြုတ်ပါ။

၁။       ပဲများနူးလျှင် ခဏဖယ်ထားပါ။ ပြီးလျှင် နံနံစေ့၊ ဇီရာနှင့် ကရဝေးရွက်တို့ကို ဆီအနည်းငယ်ဖြင့် ဆီသတ်ပြီး ကြက်သွန်ဖြူ/နီ၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့နှင့် ဆက်လက်၍ ဆီသတ်ပါ။

၂။       ကြက်သွန်များလိပ်ပြီး ခြောက်လာပါက ကြက်သားထည့်၍ လှိမ့်ပါ။ ကြက်သား အနည်းငယ်ရဲလာလျှင် ရေထည့်၍ နူးသည်အထိ တည်ပါ။

၃။       ကြက်သားနူးသည်နှင့် တစ်ပြိုင်နက် ပြုတ်ထားသော ကုလားပဲများ ရောပြီး ဆား၊ ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ပါ။

၎။       ခရမ်းချဉ်သီး ချပ်သ်နီးကိုတော့ ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးမှုန့်များ ဆီသတ်ရန် ထည့်ပြီး နံနံစေ့၊ မုန်ညင်းစေ့၊ ဇီရာ၊ ပျဉ်းတော်သိမ်ရွက်၊ ကရဝေးနှင့် နနွင်းတို့ကို ထည့်ပြီး ဆီသတ်ပါ။

၅။       ထို့နောက် ပြုတ်ပြီး အခွံနွှာထားသော ခရမ်းချဉ်သီးများ အနည်းငယ်ခြေ၍ ထည့်ပြီး လိပ်နေအောင် ဆီသတ်ပါ။

၆။       မန်ကျည်းရည်အနည်းငယ်နှင့် ဆား၊ အရသာမှုန့်၊ ငံပြာရည် အနည်းငယ်ထည့်ပြီး ရေအနည်းငယ်ထည့်၍ အုပ်ထားပါ။ ပျဉ်းတော်သိမ်ရွက်နှင့် ငရုတ်သီးစိမ်းကို အုပ်ပြီးနောက် မီးဖိုပေါ်က ချလို့ရပါပြီ။ ကြက်ကုလားပဲဟင်းလေးနဲ့ ခရမ်းချဉ်သီး ချပ်သ်နီးလေးလည်း ရလာပြီဆိုတော့ မိမိကြိုက်နှစ်သက်ရာ ပလာတာ၊ နံပြား၊ ပူရီ၊ ချပါတီနဲ့တင်မကဘဲ ထမင်းဖြူလေးနဲ့ပါ တွဲဖက်စားသုံးနိုင်ပါပြီ။

Facebook Comments