ဝက်နံရိုးကြာစွယ်ဟင်းချို

တရုတ်စတိုင်လ် ဝက်နံရိုးကြာစွယ်ဟင်းချိုလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်နံရိုး –  ၃၀ ကျပ်သား

ကြာစွယ် –  ၇ ကွင်းခန့်

ပြောင်းဖူး –  ၁ ဖူး

Chinese Cooking Wine –  စားပွဲဇွန်း ၅ ဇွန်း

တရုတ်ဆီးသီး –  ၅ လုံး

Couji Berry –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  စားပွဲဇွန်း ၁ ဇွန်း

ချင်း –  ၄ လွှာ

ရေ –  ၅ ခွက်

ငရုတ်ကောင်းမှုန့်အဖြူ –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဝက်နံရိုးကို အတုံးသေးသေးတုံးထားပါ။

၂။       ရေ ၁ လီတာ၊ Chinese Cooking Wine စားပွဲဇွန်း ၅ ဇွန်းနှင့် ဆူအောင်တည်ပါ။ ရေဆူလာလျှင် ဝက်နံရိုးကို ဆယ်ယူထားပါ။ ကျန်တဲ့ရေကို သွန်ပစ်ပါ။

၃။       အိုးထဲ ဝက်နံရိုး၊ ကြာစွယ်၊ ပြောင်းဖူး၊ ဆီးသီး၊ Couji Berry  ဆားနှင့် ချင်းတို့ကို ထည့်ပြီး ရေ ၅ ခွက်ထည့်၍ အဖုံးဖုံးပြီး ၂၅-၃၀ မိနစ်ခန့် ပြုတ်ပါ။  ကြာကြာပြုတ်နိုင်လျှင် ပိုကောင်းပါတယ်။ ပြီးလျှင် အရသာ မှုန့်နှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu