ရွှေတောင်ခေါက်ဆွဲ

by ပန်းခရေ for Food Magazine

ရွှေတောင်ခေါက်ဆွဲကို ခပ်ဆိမ့်ဆိမ့်အရသာလေး တည်ခင်းချင်ရင် အဆင်ပြေတဲ့ ရွှေတောင်ခေါက်ဆွဲပါ။ ပြီးတော့ အုန်းနို့ကြောက်သူတွေဆိုရင်လည်း ဖယ်စားလို့ ရနိုင်တာမို့ အဆင်ပြေပါတယ်။ စားရတာ မအီဘဲ ရိုးရှင်းတဲ့ အရသာလေးပါရှင်။

ရွှေတောင်ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ )

ပါဝင်ပစ္စည်းများ

ရွှေတောင်ခေါက်ဆွဲဖတ် –  ၉ ပိဿာ (သို့)

ရွှေမြားခေါက်ဆွဲအစည်း ၂၀

ကြက်သား –  ၃ ပိဿာ

ဘဲဥ –  အလုံး ၅၀

ပဲကျက်မှုန့်ကောင်းကောင်း –  ၁၀ ထုပ်

နို့စိမ်း –  ၁၀ ဘူး

အုန်းသီး –  ၁၀ လုံး (အရည်ညှစ်ထား)

ဆီ –  ၇၅ ကျပ်သား

မြေပဲလှော်မွှေးမွှေး –  ၂၅ ကျပ်သား

ပီနံသီးငရုတ်ခြောက်တောင့် –  ၃၀ ကျပ်သား

ကြက်သွန်နီ –  ၁ ပိဿာ

ကြက်သွန်ဖြူ –  ၅ ကျပ်သား

နံနံပင် –  ၁ ပိဿာ

ရှောက်သီး –  ၁၅ လုံး

သကြား –  စားပွဲဇွန်း ၁၀ ဇွန်း

ဆား –  စားပွဲဇွန်း ၁၂ ဇွန်း

အရသာမှုန့် –  စားပွဲဇွန်း ၅ ဇွန်း

ငရုတ်သီးအရောင်တင်မှုန့် –  စားပွဲဇွန်း ၁၀ ဇွန်း

ပြုလုပ်နည်း

ဘဲဥကိုပြုတ်ထားပါ။ ရေနွေးဆူလာလျှင် ကြက်သွန်ဖြူ  ၅ ကျပ်သားထဲမှ  ၃ ဥခန့်ကို အပေါ်ခွံနွှာ၍ ရေဆေးပြီး ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား စားပွဲဇွန်း ၁ ဇွန်း၊ အရသာမှုန့် စားပွဲဇွန်း ၁ ဇွန်းထည့်ပြီး ရေဆေးသန့်စင်ထားသော ကြက်သားအခြမ်းများ ထည့်ပြုတ် ပါ။ ခပ်တင်းတင်းကျက်ရုံ ပြုတ်ပြီး ဆယ်ယူ၍ အလွှာကြီးကြီး လွှာထားပါ။ မြေပဲလှော်ကို ညက်ပြီး ဆီထွက်လာသည်အထိ ထောင်းပါ။ ကျန်ကြက်သွန် ဖြူကို ထောင်းထားပါ။ ဆီပူအိုးတည်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူဆီသတ်ပါ။ မွှေးပြီြးွကပ်လာလျှင် ငရုတ်သီးအရောင်တင်မှုန့်ထည့်ပြီး လွှာထားသော ကြက်သားထည့်ပါ။ ကြက်ပြုတ်ရည် အနည်းငယ် လောင်းပြီး ဟင်းအရောင်လှပအောင် ယူပါ။ ဟင်းရည်တည်မယ့်အိုးထဲ ရေ ၄၀ လီတာ ထည့်ပြီး ဆူအောင် တည်ပါ။ ဆူလာလျှင် ဆား၊ အရသာမှုန့်၊ သကြားထည့်ပါ။ နို့စိမ်းဘူးဖောက်ထည့်ပါ။ ထောင်းထားသော မြေပဲများကို ရေအနည်းငယ်နှင့် ခပ်ပျစ်ပျစ်ဖျော်ထည့်ပါ။ ဆီသတ်ထားသော ကြက်သားများထည့်ပါ။ အပေါ့အငန်မြည်းပြီး  အရသာအနေတော်လျှင် ရပါပြီ။ ညှစ်ထားသောအုန်းနို့ကို ဆီထွက်လာသည်အထိ ဆီချက်ထားပါ။ ငရုတ်ခြောက်တောင့် ၃၀ ကျပ်သားကို အညှြာွေခပြီး မီးအေးအေးနှင့် ကြော်ပါ။ မီးပြင်း တိုက် ကြော်လျှင် မမွှေးတော့ပါ။ ပြီးလျှင် ကြော်ထားသောဆီထည့်ပြီး ထောင်းထားပါ။ ခေါက်ဆွဲဖတ်

၅၀ ကျပ်သားခန့်ကို ဆီပူထိုးပြီး ကြော်ထားပါ။

 

ပွဲပြင်နည်း

နံနံပင်လှီးထားပါ။ ကြက်သွန်နီ ပါးပါးလှီးပြီး ရေဆေးထားပါ။ ရှောက်သီးစိတ်ထားပါ။ ကြော်ထား သော ငရုတ်ခြောက်ကြော်၊ အုန်းဆီချက်၊ ပဲကျက်မှုန့်နှင့်အတူ လှပစွာ ပွဲပြင်ထားပါ။ မုန့်ပြင်မယ့်ပန်းကန်ထဲ ခေါက်ဆွဲဖတ်ထည့်ပါ။ ကြက်သားဟင်းရည် ခပ်စပ်ဟပ်လေးပဲ ထည့်ပါ။ ရွှေတောင်ခေါက်ဆွဲက အရည် ခပ်နည်းနည်းလေး ခပ်စွက်စွက်မှ အရသာရှိတာပါ။ ပဲမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီချက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီအနည်းငယ်၊ နံနံပင်အနည်းငယ်၊ ဝိုင်းဝိုင်းလေးတွေ လှီးထားတဲ့ ဘဲဥလေးစီထည့်၊ မုန့်ြွကပ်အနည်းငယ်ဖြူးပြီး လှပစွာ တည်ခင်းဧည့်ခံလို့ ရပါပြီ။

Facebook Comments