ဒေသရိုးရာ တိုင်းရင်းအစားအစာ

စံလွင် (ငါးဦးစီး)

ထားဝယ်စမတ်ခြောက်သုပ်

“စမတ်ခြောက်” ဆိုတာက ငါးလိပ်ကျောက်ငါးခြောက်တစ်မျိုးကို ခေါ်တာပါ။ ငါးလိပ်ကျောက်မှာ ငါးလိပ်စွန် (Skate) နဲ့  ဘဲလိပ် (Ray) ဆိုပြီး နှစ်မျိုးခွဲပါတယ်။ စမတ် ခြောက်က Ray အမျိုးအစားထဲမှာ ပါပါတယ်။ အချင်းတစ်ပေ၊ ၁၀ လက်မလောက် ရှိတဲ့ ငါးလိပ်ကျောက် အဝိုင်းလေးတွေကို ပုံဖော်ပြီး အခြောက်လှမ်းထားတာပါ။ အချို့က စမတ်ခြောက်ကို မီးကင်စား၊ အစိမ်းအတိုင်း ပအုံးရည်နဲ့ ပြုတ်စားကြပါတယ်။ စမတ် ခြောက်ကို ကြော်ပြီး ပြန်သုပ်တဲ့အသုပ်ကိုတော့ ပင်လယ်စာအဖြစ် ပိုပြီးအကြိုက်များ ကြပါတယ်။

ပါဝင်ပစ္စည်းများ

စမတ်ခြောက်  –  ၂ ကောင်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး

ခရမ်းချဉ်သီး  –  ၂ လုံး

ရှောက်ရွက်  –  ၁ စည်း

သံပရာသီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  ၃ တောင့်

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       စမတ်ခြောက်ကို သင့်ရုံဖြတ်ပြီး ဆီပူဒယ်အိုးမှာြွကပ်ြွကပ်ကလေးဖြစ်အောင် ဆီပူထိုးပါ။ ဆီပူထိုးတယ်ဆိုတာက ဆီနည်းနည်းနဲ့ ဒယ်အိုးမှာ လှော်တဲ့ သဘောပါ။

၂။       ကြက်သွန်နီကို ပါးပါးလှီး၍ ရေဆေးပြီး စစ်ထားပါ။ ခရမ်းချဉ်သီးအစေ့ထုတ်ပြီး အစိတ်လေးတွေလှီးပါ။ ရှောက်ရွက်ကို သင်၍ အနေတော်လှီးပြီး အသင့်ပြင် ထားပါ။

၃။       ပြီးလျှင် ပန်းကန်တစ်ချပ်ထဲ အားလုံးရောထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ညှပ် ထည့်ပြီး ဆားနည်းနည်းဖြူး၍ သံပရာရည်လေးညှစ်ကာ ဖွဖွနယ်ပြီး သုပ်ပါ။ ဆီမလိုတဲ့ ချဉ်၊ ငန်၊ စပ် အရသာ စမတ်ခြောက်ပင်လယ်စာ အသုပ်ကလေးက အသင့်စားလို့ရပါပြီ။

 

 

 

Facebook Comments