ခွေးတောက်ရွက်ကြက်ရိုးဟင်းချို

ခွေးတောက်ရွက်က အသည်းကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တချို့ ယမကာသမားတွေအတွက် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ လုပ်ရတာ လွယ်ကူပြီး သောက်လို့လည်း အလွန်ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  • ခွေးတောက်ရွက် –  ၁ စည်း
  • ကြက်ရိုး –  ၄၀ဝ ဂရမ်
  • ချင်း –  ၁ တက်
  • ကြက်သွန်ဖြူ –  ၅ မြွှာ
  • ကြက်သွန်နီ –  ၇ လုံး
  • ဆား၊ ငရုတ်ကောင်းမှုန့် –  အနည်းငယ်
  • ကြက်သားမှုန့် –  အနည်းငယ်
  • သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်ရိုးများကို ရေနွေးဖြောပါ။ အဲဒီလိုလုပ်တာက ကြက်ရိုးမှာရှိတဲ့ အညစ် အကြေးတွေ ကင်းစင်သွားအောင်လို့ပါ။ ပြီးလျှင် အရိုးများကို သီးသန့်ရေဖြင့် ပြုတ်ပါ။ ၎င်းအိုးထဲ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အရသာများ ထည့်ပါ။

၂။       ကြက်ရိုးကို မိနစ် ၃၀ ခန့် ပြုတ်ပြီး ခွေးတောက်ရွက်များ ထည့်ပါ။ ပြီးလျှင် အရသာ မြည်းပါ။ ခါး၊ ဆိမ့်၊ ချို အရသာလေး ဖြစ်လာလျှင် သောက်လို့အလွန်ကောင်းပါတယ်။

Facebook Comments

Menu