အသားတုနှင့် ဟင်းရွက်စုံကြော်

FD-13

 

အသားတုနှင့် ဟင်းရွက်စုံကြော်

အသားတုနှင့်ဟင်းရွက်စုံကိုသက်သတ်လွတ်ခရုဆီဖြင့်ရောကြော်ထားတာပါ။အရမ်းလည်းစားလို့ကောင်းပြီး အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ

  • အသားတု –           ၂ဝ ဂရမ်(ရေဖြင့် ၁ဝ မိနစ်ခန့်စိမ်ပြီး ထပ်ခြမ်းခြမ်းပါ)
  • မုန်လာဥနီ(အသေး) – ၁၂ ခု
  • ပန်းဂေါ်ဖီစိမ်း –           ၁ ထုပ် (အတုံးသေးများ တုံးပေးပါ)
  • မှိုပွင့်ခြောက် –           ၄ ခု (ရေနွေးဖြင့် ပြုတ်ပြီး ၄ ပိုင်းပိုင်းပါ)
  • ကြက်သွန်မြိတ် –           စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
  • ပဲငံပြာရည် –           လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • Vege ခရုဆီ –           စားပွဲဇွန်း ၂ ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နှမ်းဆီ –           လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ –           ခွက်တစ်ဝက်
  • ကော်မှုန့် –           စားပွဲဇွန်း ၁ ဇွန်း(ရေအနည်းဖြင့် ရောဖျော်ထားပါ)
  • ဟင်းရွက်ဆီ –           စားပွဲဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ –           ၂ မြွှာ (နုပ်နုပ်စဉ်းပါ)

ချက်ပြုတ်နည်း

၁။         အရင်ဆုံး ဒယ်အိုးထဲဆီထည့် ဆီပူလျှင် ကြက်သွန်ဖြူဆီသတ်ပေးပါ။

၂။         ပြီးနောက် မုန်လာဥနီ၊ ပန်းဂေါ်ဖီ၊ မှိုထည့်ပြီး ၁ မိနစ်ခန့် ရောမွှေပါ။

၃။         ထို့နောက် အသားတုထည့်၊ အရသာအတွက် ခရုဆီ၊ ပဲငံပြာရည်၊ သကြား တို့ထည့်ရောမွှေပါ။

၎။         ပြီးမှ ရေ(ခွက်တစ်ဝက်) ထည့်ပြီး ၂ မိနစ်ခန့်တည်ထားပါ။

၅။         ရေအနည်းငယ်ကျန်လျှင် နှမ်းဆီ၊ ကော်ရည်လောင်းချပြီး မီးပိတ်လိုက်ပါ။

၆။         အရသာကောင်းမွန်တဲ့ အသားတုနှင့် ဟင်းရွက်စုံကြော်ကို ပူပူလေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu