အမဲစဉ်းကောကြော်

by တင္တင္ဦး for Food Magazine

ပါဝင်ပစ္စည်းများ

အမဲကြိတ်သား –  ၁၀ ကျပ်သား

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၁ လုံး

မဆလာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းချက်အနှစ် –  စားပွဲဇွန်း ၁/၂ ဇွန်း

ငရုတ်ပွ –  ၁ လုံး

ခရမ်းချဉ်သီး –  ၂ လုံး

ချင်း –  အနည်းငယ်

ဆား –  အနည်းငယ်

ကြက်သားမှုန့် –  အနည်းငယ်

ဆီ –  အနည်းငယ်

ပြုလုပ်နည်း

၁။        ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်ပွကို လေးထောင့်အရွယ်လေးများ လှီးထားပါ။ ချင်းကို အခွံနွှာပြီး တောက်တောက်စဉ်းထားပါ။ ကြက်သွန်ဖြူကို ပါးပါးလှီးထားပါ။

၂။         ကြော်မည့်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာလျှင် ဇီရာကို ထည့်၍ ကြော်ပါ။ တောက် တောက်စဉ်းထားတဲ့ ချင်းကို ထည့်ပါ။ အနံ့မွှေးလာသည့်အခါ အမဲကြိတ်သားကို ထည့်ကြော် ပါ။ ၃ မိနစ်ခန့်ကြာချိန်မှာ မဆလာ၊ ကြက်သွန်နီ/ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွနှင့် အရသာ

အားလုံးကို ထည့်ပြီး ကြော်ပါ။

Facebook Comments

Menu