ဝက်သားပြားခြောက်ထမင်းလုံး (Rice Ball with Bacon)

by Htain Lin Maung for Food Magazine

ထမင်းကို ဒီအတိုင်းစားတာမျိုးမဟုတ်ဘဲ ပုံစံပြောင်းပြီး စားချင်စဖွယ်ဖြစ်အောင် အလုံးလေးတွေ ပြုလုပ်ထားပါတယ်။ ပါဝင်ပစ္စည်းများကလည်း အရသာကို ညီမျှစေပြီး ဝက်သားပြားကလည်း ထမင်းနဲ့လိုက်ဖက်မှုကို ဖြစ်စေပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်း –  ပန်းကန်လုံး ၂ လုံး

ဝက်သားပြားခြောက် –  ၂ဝဝ ဂရမ်

မုန်လာဥနီ –  အနည်းငယ်

သီဟိုဠ်စေ့ –  အနည်းငယ်

ပြောင်းဖူး –  အနည်းငယ်

နှမ်းမည်း –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပျစ်သီးခြောက် –  အနည်းငယ်

နှမ်းဆီ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        မုန်လာဥနီ၊ သီဟိုဠ်စေ့နှင့် စပျစ်ခြောက်တို့ကို အတုံးသေးသေးဖြစ်အောင် လှီးပါ။

၂။         ဝက်သားပြားခြောက်ကို အကြော်အိုးထဲ ထည့်ကြော်ပါ။ ဒါမဟုတ် အကင်အိုး (grilled pan) ဖြင့် ကင်ပါ။ ဝက်သားပြားကျက်လျှင် အတုံးသေးသေးဖြစ်အောင် လှီးပါ။

၃။        ဇလုံထဲ ထမင်းထည့်ပြီး မုန်လာဥနီ၊ သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ ပြောင်းဖူး၊ ဝက်သားပြား

ခြောက်၊ နှမ်းဆီနှင့် အသားမှုန့်တို့ကို ထည့်ပြီး သမအောင်နယ်ပါ။

၄။        အရသာမြည်းကြည့်ပြီး အလုံးလေးများ ပြုလုပ်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။

Facebook Comments

Menu