ဝက်နံရိုးကင်ပြန်ချက်

by တင္တင္ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ဝက်နံရိုး –  ၅၀ ကျပ်သား

ငရုတ်သီးအနှစ် –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းချက်အနှစ် –  စားပွဲဇွန်း ၁ ဇွန်း

ချင်းရည် –  အနည်းငယ်

ပဲငံပြာရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခရုဆီ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

ဆီ –  အနည်းငယ်

ဆူကာညွန့် –  ၁ စည်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ကြက်သွန်ဖြူ –  ၁ လုံး (တောက်တောက်စဉ်းထားပါ)

နာနတ်ပွင့် –  ၂ ပွင့်

တရုတ်မဆလာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းဆီ –  ၁ ဇွန်း

သကြား –  ၁ ဇွန်း

ပြုလုပ်နည်း

၁။        ဝက်နံရိုးကို စင်အောင်ဆေးပြီး ခြောက်အောင် သုတ်ပါ။ ゞင်းကို ဆား၊ ငရုတ်သီးအနှစ် အနည်းငယ်၊ ချင်းရည်၊ ပဲငံပြာရည်၊ နှမ်းဆီ၊ သကြား၊ တရုတ်မဆလာ၊ ခရုဆီ၊ ငရုတ် ကောင်းမှုန့်နှင့် ဆီတို့ကို ရော၍ ၁ နာရီခန့်ထားပါ။

၂။         ၎င်းဝက်နံရိုးကို ကင်ရာမှာ နယ်ထားတဲ့အနှစ်ဖြင့် သုတ်ပြီး ကင်ပါ။

၃။        ဒယ်အိုးထဲ ဆီအနည်းငယ်ဖြင့် ကြက်သွန်ဖြူကို ရွှေဝါရောင်သန်းသည်အထိ ကြော်ပါ။ နာနတ်ပွင့်၊ ဟင်းချက်အနှစ်၊ မန်ကျည်းအနှစ်နှင့် အရသာထည့်ပြီး ကင်ထားတဲ့  ဝက်နံရိုးကို ထည့်၍ ချက်ပါ။ နာနတ်ပွင့် ဖယ်ထုတ်ပါ။

၄။        ဆူကာညွန့်ကို ရေနွေးပွက်ပွက်ဆူထဲ ဆားထည့်ပြုတ်ပြီး ရေအေးနှင့် စိမ်ပါ။ ပြီးလျှင် ဝက်နံရိုးဟင်းပြင်ရာမှာ ဆူကာညွန့်ကို ထည့်ပြီးသုံးပါ။

Facebook Comments