လီမွန်ကြက်ကင်နှင့် ဗီယက်နမ်အချဉ် (Zesty Lemon Grilled and Videtam Pickle)

by Jenny for Food Magazine

ကြက်သားကို လီမွန်အနံ့လေးဖြင့် ကင်ပြီး ထမင်းနဲ့တွဲစားရတဲ့ ဟင်းပွဲပုံစံမျိုးပါ။ အမွှေးအကြိုင်၊ လီမွန်အခွံတို့ဖြင့် နယ်ပြီး နှပ်ထားတဲ့ ကြက်သားကို ကင်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ကြက်သားအနံ့ဟာ ထမင်းကို မြိန်စေမှာတော့ အမှန်ပါ။ လီမွန်ကြက်ကင်နဲ့ တွဲစားလေ့ရှိတဲ့ အချဉ်တစ်မျိုးကတော့ ဗီယက်နမ်အချဉ်ပါ။ အသီးအရွက်တွေကို ြွကပ်ြွကပ်ရွရွလေးနဲ့ ချိုချဉ်အရသာလေးရအောင် အချဉ်စိ်မ်ထားတဲ့ အချဉ်တစ်မျိုးပါ။ ကြက်ကင်၊ အချဉ်နှင့် ထမင်းတို့ကို တွဲဖက်လိုက်ရင်တော့ လိုက်ဖက်တဲ့ Menu တစ်ခုကို ရရှိမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ရင်အုံသား –  ၂ ခု

ကြက်သွန်ဖြူ –  ၁ လုံး

ကြက်သွန်နီ –  ၁ လုံး

နေကြာဆီ –  စားပွဲဇွန်း ၂ ဇွန်း

လီမွန်အခွံ –  စားပွဲဇွန်း ၁ ဇွန်း (ခြစ်ထားပါ)

လီမွန်အရည် –  စားပွဲဇွန်း ၁ ဇွန်း

ဇီရာစေ့ –  လက်ဖက်စားဇွန်း ၁ ဇွန်း

ငရုတ်သီးမှုန့် –  လက်ဖက်စားဇွန်း ၁ ဇွန်း

နံနံစေ့ –  စားပွဲဇွန်း ၂ ဇွန်း

နံနံပင် –  စားပွဲဇွန်း  ၂ ဇွန်း

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပဲငံပြာရည်အကြည် –  စားပွဲဇွန်း ၂ ဇွန်း

ချင်း –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ဇလုံတစ်လုံးထဲ ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ လီမွန်အရည်၊ လီမွန်အခွံ၊ ဇီရာစေ့၊ နံနံပင်၊ နံနံစေ့၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အကြည်၊ ငရုတ်သီးမှုန့်တို့နှင့် ကြက်သားတို့ကို နှံ့စပ်အောင်နယ်ပြီး မိနစ် ၃၀ ခန့်ထားပါ။

၂။         အကင်အိုးထဲ ဆီအနည်းငယ်ထည့်ပြီး နှပ်ထားသော ကြက်သားများ ကျက်သည်အထိ ကင်ပါ။

ဗီယက်နမ်အချဉ်ပြုလုပ်ရန် (Vietnam Pickle)

ပါဝင်ပစ္စည်းများ

ကြက်သွန်နီဥသေး –           ၂ဝဝ ဂရမ်

သခွားသီး –           ၁ လုံး

မုန်လာဥနီ –           ၁ လုံး

မုန်လာဥဖြူ –           ၁ လုံး

ငရုတ်သီးအနီတောင့် –           ၂ တောင့်

သကြား –           ၂ဝဝ ဂရမ်

ရှလကာရည် –           ၄ဝဝ ဂရမ်

ငံပြာရည် –           ၁ဝဝ ဂရမ်

ပြုလုပ်နည်း

၁။        မုန်လာဥနီ၊ မုန်လာဥဖြူနှင့် သခွားသီးတို့ကို အချောင်းသေးသေးလေးများ လှီးပြီး ရေခဲရေဖြင့် စိမ်ထားပါ။

၂။         သကြား၊ ရှလကာရည်နှင့် ငံပြာရည်တို့ကို မီးအေးအေးဖြင့် ဆူအောင်တည်ပြီး အအေးခံထားပါ။

၃။        ရေခဲစိမ်ထားသော အသီးအရွက်များ၊ ကြက်သွန်နီဥသေးနှင့် အအေးခံထား သော အရည်တို့ကိုရော၍ သမအောင်မွှေပြီး ပုလင်းထဲမှာ သိပ်ထားပါ။

ကင်ထားသော ကြက်ကင်နှင့် အချဉ်စိမ်ထားသော ဗီယက်နမ်အချဉ်တို့ကို ထမင်းနှင့် တွဲဖက်၍ စားသုံးနိုင်ပါပြီ။

Facebook Comments