မျှစ်သုပ်

by ပန်းခရေ for Food Magazine

မိုးရာသီမှာ မျှစ်ချိုနုနုလေးတွေလည်း ပေါ်လာပြီမို့ မျှစ်သုပ်လေး သုပ်စားရအောင်နော်။ မျှစ်သုပ်ပြီး ငါးကြော်၊ ဘူးသီးဟင်းခါးလေးချက်လိုက်ရင်တော့ တကယ်ထမင်းမြိန်တဲ့ ရာသီစာ ထမင်းဝိုင်းလေး ဖြစ်မှာပါ။

ပါဝင်ပစ္စည်းများ

မျှစ်ချိုနုနု –  ၁၀ ကျပ်သား

ကြက်သွန်နီ –  ၂ လုံး

နံနံပင် –  အနည်းငယ်

ဆီချက်အရည် –  ထမင်းစားဇွန်း ၂ ဇွန်း

ဆီချက်အဖတ် –  ခပ်များများ

သံပရာသီး –  တစ်ခြမ်း

ပဲကျက်မှုန့် –  စားပွဲဇွန်း ၁/၂ ဇွန်း

ငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပုစွန်ခြောက်မှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း –  အစပ်စားနိုင်သလောက်

ငရုတ်သီးအကျက်မှုန့် –  အစပ်စားနိုင်သလောက်

အရသာမှုန့် –  အနည်းငယ်

ပြုလုပ်နည်း

မျှစ်ကို ဖွပြီး ၁၀ မိနစ်ခန့်ပြုတ်ပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်ကို လှီးထားပါ။ အချိန်ပြည့်လျှင် ပြုတ်ရည်သွန်ပြီး ရေခဲရေစိမ်ထားပါ။ (ြွကပ်ြွကပ်ဆတ်ဆတ်နဲ့ ပိုလို့မှ စား ကောင်းတယ်။) ပြီးလျှင် သေချာရေစင်အောင်ညှစ်ပြီး ပါဝင်ပစ္စည်းတွေနဲ့ ရောနယ်ပါ။

Facebook Comments

Menu