မျှစ်နုစပါးလင်သုပ်

by တင်တင်ဦး for Food Magazine

ပါဝင်ပစ္စည်းများ

မျှစ်နု –  ပန်းကန်လုံး ၁ လုံး

စပါးလင် –  ၂ ချောင်း (ပါးပါးလှီးပါ) (အတွင်းသားပဲ  ယူပါ)

မြေပဲလှော် –  အနည်းငယ် (ထောင်းထားပါ)

နှမ်းလှော် –  အနည်းငယ် (ထောင်းထားပါ)

ငရုတ်သီးစိမ်း –  ၃ တောင့်

ကြက်သွန်နီ –  ၁ လုံး (ပါးပါးလှီးပါ)

နံနံပင် –  အနည်းငယ်

ကြက်သွန်ဖြူဆီချက် –  အနည်းငယ်

ကြက်သားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ် (လိုမှထည့်ရန်)

သံပရာသီး –  ၁ လုံး

ငရုတ်သီးလှော် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပန်းကန်လုံး=တရုတ်ပန်းကန်လုံး

ပြုလုပ်နည်း

၁။        မျှစ်နုကို သေချာစွာပြုတ်ပြီး ရေဆေးထားပါ။ ပြီးလျှင် အမျှင်လေးများ ဖြစ်အောင် ခြစ်ထားပါ။

၂။         ၄င်းမျှစ်ကို ရေစင်အောင်ညှစ်ပြီး ၄င်းမျှစ်ထဲ ကြက်သွန်နီ၊ စပါးလင်၊ နံနံပင်၊ မြေပဲလှော်ထောင်း၊ နှမ်းထောင်း၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်သီးစိမ်း၊ ဆီချက်နှင့် သံပရာရည်တို့ကို ထည့်ပြီး သမအောင်မွှေပါ။

မျှစ်မငန်ရန် သတိထားပါ။

Facebook Comments

Menu