
27 - November - 2019
ဘဲသားနာနတ်သီးပေါင်း
by ပန်းခရေ for Food Magazine
လူကြီးရော၊ ကလေးပါ ကြိုက်နှစ်သက်စေမယ့် ဘဲသားနာနတ်သီးပေါင်းလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ဘဲသား- ၅ဝဝ ဂရမ်
ပဲငံပြာရည်အနောက်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့်- အနည်းငယ်
ဆီ- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ- ၅ လုံး
ကြက်သွန်နီဥသေး- ၁၀ လုံး
ကရဝေးရွက်- ၁ ရွက်
ချင်း- အနည်းငယ်
နာနတ်သီး- ၂ဝဝ ဂရမ်
ကြက်သွန်မြိတ်- အနည်းငယ်
ချက်နည်း
ဘဲသားကို ဆား၊ သကြား၊ ပဲငံပြာရည်အနောက်၊ အရသာမှုန့်တို့နှင့် သမအောင် နယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်နီဥသေး၊ ကြက်သွန်ဖြူ၊ ချင်း အပြားလိုက်နှင့် ကရဝေးရွက်တို့ကို ထည့်ပြီး ဆီသတ်ပါ။ နှပ်ထားသော ဘဲသားကို ထည့်ပြီး အိုးပူကပ်ကြော်ပါ။ ပြီးလျှင် အိုးထဲ ရေကို ဘဲသားမြုပ်သည်အထိ ထည့်ပြီး မိနစ် ၃၀ ခန့် ချက်ပါ။ ရေခန်း တော့မည်ဆိုလျှင် လှီးထားသော နာနတ်သီးများထည့်ပြီး ၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် လှီးထားသော ကြက်သွန်မြိတ်များကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။