ဖော့ချိတ် ပုစွန်ငရုတ်စိမ်းကြော် (လုံးချက်)

by ပန္းခေရ for Food Magazine

ဖော့ချိတ်ပေါ်ချိန် လွယ်လွယ်ကူကူ ၁၀ မိနစ်နဲ့ စားကောင်းအောင် လုံးမယ်နော်။ အချိန်ကုန်လည်း သက်သာ၊ အပင်ပန်းလည်း သက်သာပြီး ရိုးရှင်းတဲ့အရသာလေးက စားလို့်လည်း တကယ်ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ဖော့ချိတ် –  ၂၅ ကျပ်သား

ငရုတ်သီးစိမ်း –  အနည်းငယ်

ဆီ –  ၁၀ ကျပ်သား

ကြက်သွန်နီသေးသေး –  ၁ လုံး

ကြက်သွန်ဖြူ –  ၅ မြွှာခန့်

နနွင်းမှုန့် –  အနည်းငယ်

ဆား –  အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဖော့ချိတ်များကို ခေါင်းေြွခထားပါ။ ပြီးလျှင် ရေဆေးပြီး ချက်မည့်အိုးထဲ ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်များကို မထူမပါးညှပ်ထည့်ပါ။ ကြက်သွန်ဖြူ/နီ လှီးထည့်ပါ။ ငံပြာရည်၊ ဆား၊ နနွင်းမှုန့်နှင့် ဆီထည့်ပြီး ပိုင်နိုင်စွာလုံးပါ။ ရေမြုပ်အောင် ထည့်ပြီး ၁၀ မိနစ်ခန့်ချက်လျှင် အရသာရှိသော ပုစွန်၊ ငရုတ်သီးစိမ်း ကြော်လေး ရပါပြီ။

Facebook Comments