ပြောင်းဖူးချက်ပြုတ်နည်း အမျိုး (၂၀)

by Htain Lin Maung for Food Magazine

ပြောင်းဖူးကို နည်းလမ်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်လေ့ရှိကြပေမယ့် ဒေသ၊ နိုင်ငံအလိုက် မတူကွဲပြားမှုများဖြင့် ထူးကဲသောအရသာများလည်း ရှိပါတယ်။ ပြောင်းဖူး ပြုတ်၊ ပြောင်းဖူးကင်၊ ပြောင်းဖူးကြော် စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်လေ့ရှိကြပေမယ့် တချို့နေရာတွေမှာတော့ မတူညီတဲ့ ချက်ပြုတ်နည်းများကို တွေ့ရပါတယ်။ ပြောင်းဖူးကို အလွယ်တကူ ခံတွင်းတွေ့အောင် အနောက်နိုင်ငံများရဲ့ ချက်ပြုတ်နည်းတချို့ကို ဒီတစ်လရဲ့  အစီအစဉ်တစ်ခုအနေဖြင့် ဖော်ပြလိုက်ပါတယ်။

၁။        မက်ဆီကန်ပြောင်းဖူးကင် (Mexican Corn)

–           ပြောင်းဖူးကို အခွံချွတ်၍ ရေပူထဲ ဆားအနည်းငယ်ထည့်ပြီး ၄ မိနစ်ခန့် ပြုတ်ပါ။

–           ပြုတ်ထားသော ပြောင်းဖူးကို ထောပတ်သုတ်ပြီး ၂ မိနစ်ခန့် ကင်ပေးပါ။

–           မရောနိစ် ထပ်သုတ်ပြီး ချိစ်အမျှင်လေးများ ကပ်ပါ။

–           ငရုတ်သီးအစပ်မှုန့်နှင့် သံပရာအခွံအဖတ်ကလေးများ ထပ်မံ၍ဖြူးပါ။

၂။         သံပရိုသီး၊ ငရုတ်ကောင်းပြောင်းဖူးပြုတ် (Lemon-Pepper Corn)

–           ပြောင်းဖူးကို အခွံချွတ်ပြီး ရေနွေးဆူဆူထဲမှာ ၅ မိနစ်ခန့် ပြုတ်ပါ။

–           ပြုတ်ပြီးသားပြောင်းဖူးအပေါ်မှာ ဆား အနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

–           သံပရိုသီးအခွံများခြစ်ပြီး ပြောင်းဖူးအပါ်မှာ ထပ်မံဖြူးပါ။

၃။        ဝက်သားပြားလိပ်ပြောင်းဖူးကင် (Bacon-Wrapped Corn)

–           ပြောင်းဖူးအပေါ်မှာ ထောပတ်အနည်းငယ်သုတ်ပြီး ငရုတ်ကောင်းမှုန့်ဖြူးပါ။

–           Bacon ကို ပြောင်းဖူးပတ်ပတ်လည်မှာ သေချာစွာပတ်ပါ။

–           မီးအပူချိန် အသင့်အတင့်ဖြင့် ၁၅ မိနစ်ခန့် အကျက်ညီအောင် လှည့်ကင်ပေးပါ။

၄။        Parmesan ချိစ် ပြောင်းဖူးကင် (Parmesan Corn)

–           ပြောင်းဖူးကို သံလွင်ဆီသုတ်ပါ။ ကြက်သွန်ဖြူမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် တို့ကို အပေါ်မှာ ဖြူးပါ။

–           ခြစ်ထားသော ဏParmesan ချိစ်ကို ပြောင်းဖူးပတ်ပတ်လည်မှာ ကပ်ပေးပါ။

–           Oven ထဲမှာ 425˚F  ဖြင့် ၇ မိနစ်ခန့် ဖုတ်ပါ။

၅။        ပြောင်းဖူးနို့မလိုင် (Cream Corn)

–           ေြွခထားသော ပြောင်းဖူးအစေ့များကို အိုးတစ်လုံးထဲ ထည့်ပြီး ဂျုံအနည်းငယ် နှင့် ထောပတ်အနည်းငယ်ထည့်၍ မီးအသင့်အတင့်ဖြင့် ၅ မိနစ်ခန့်ချက်ပါ။

–           နွားနို့တစ်ခွက်နှင့် Cream Cheese အနည်းငယ်ကို ပျစ်လာသည်အထိ မွှေတံဖြင့် မွှေပေးပါ။

–           ချက်ထားသော ပြောင်းဖူး၊ မွှေထားသော Cream Cheese ဆားနှင့် ငရုတ် ကောင်းမှုန့်တို့ကို ထည့်ပြီး သမအောင် မွှေပါ။

၆။        ပြောင်းဖူးဟင်းချိုအေး (Cold Corn Soup)

–           အိုးထဲ သံလွင်ဆီအနည်းငယ်ထည့်ပြီး ေြွခထားသောပြောင်းဖူးများ ထည့်မွှေပါ။

–           ကြက်သွန်မြိတ်၊ အတုံးသေးသေးတုံးထားသော အာလူး၊ ရေ ၁ လီတာခန့်ထည့်ပြီး မိနစ် ၂၀ ခန့် ပြုတ်ပါ။

–           ချက်ထားသော ပြောင်းဖူးဟင်းချိုကို ကြိတ်စက်ထဲထည့်၍ ကြေညက်အောင် ကြိတ်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။

၇။        ပြောင်းဖူးကြက်ဥဟင်းချို (Corn Egg Drop Soup)

–           ကြက်ပြုတ်ရည်ထဲ ေြွခထားသောပြောင်းဖူးများထည့်ပြီး ၅ မိနစ်ခန့် ပြုတ်ပါ။

–           ရေနှင့် ကော်မှုန့်အနည်းငယ်ဖျော်ပြီး ထည့်ပါ။

–           ကြက်ဥကို အလုံးလိုက် ဖောက်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပါ။

–           ကြက်သွန်နီလှီး၍ ထည့်ပြီး ၂ မိနစ်ခန့် ချက်ပါ။

၈။        ပြောင်းဖူးပါစတာသုပ် (Corn Pasta Salad)

–           ဇလုံတစ်လုံးထဲ မရောနိစ်၊ သံပရာရည်၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံကို အနည်းငယ်စီ ထည့်ပြီး မွှေပါ။

–           ပြုတ်ထားသော မက်ခရောနီ (macaroni) ပါစတာ ထည့်ပါ။

–           ပြုတ်ပြီး ေြွခထားသော ပြောင်းဖူးထည့်၍ သမအောင်မွှေပါ။

၉။        ပြောင်းဖူးမွှေကြော် (Corn Stir-Fry)

–           ဒယ်အိုးထဲ ဆီအနည်းထည့်ပြီး ထောင်းထားသော ချင်းအနည်းငယ် ထည့်၍ ဆီသတ်ပါ။

–           ေြွခထားသောပြောင်းဖူးများနှင့် အသီးအရွက်တချို့ကို ထည့်ပြီး ၂ မိနစ်ခန့်ချက်ပါ။

–           ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပါ။

၁၀။      ခရမ်းချဉ်သီးပြောင်းဖူးသုပ် (Corn and Tomato Salad)

–           ေြွခထားသော ပြောင်းဖူးများကို ၅ မိနစ်ခန့်ပြုတ်ပါ။ ချယ်ရီခရမ်းချဉ်သီးများကို ထက်ခြမ်းခြမ်းပါ။

–           သံလွင်ဆီ၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်၊ ဆား၊ သံပရာရည် အနည်းငယ်စီထည့်ပြီး သုပ်ပါ။

၁၁။   ဘီယာပြောင်းဖူးပြုတ် (Beer-Boiled Corn)

–           အိုးတစ်လုံးထဲ အခွံချွတ်ထားသော ပြောင်းဖူး၊ ဘီယာနှင့် ရေတို့ကိုထည့်ပါ။

–           ငရုတ်ကောင်းမှုန့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်သီးအစပ်မှုန့်၊ ကရဝေးရွက်၊ Mustard, ဆား၊ လေးညှင်းပွင့်အနည်းငယ်စီ ထည့်ပါ။

–           မီးအသင့်အတင့်ဖြင့် ဆူအောင်တည်ပြီး ၄ မိနစ်ခန့်ထားပါ။

၁၂။      ပြောင်းဖူးအာလူးဖုတ် (Corn Baked Potatoes)

–           အာလူးကို 400˚F ဖြင့် ၁ နာရီခန့် ဖုတ်ပါ။

–           ေြွခထားသောပြောင်းဖူး ခွက်တစ်ဝက်နှင့် ထောပတ် စားပွဲဇွန်း ၆ ဇွန်းကို

ကြိတ်ပါ။ ထောပတ် စားပွဲဇွန်း ၂ ဇွန်း၊ ဆား အနည်းငယ်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် ခရင်မ်အနည်းငယ်တို့ကို ထပ်မံထည့်ပြီး သမအောင်မွှေပါ။

–           ဖုတ်ထားသောအာလူးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

၁၃။      ပြောင်းဖူးလုံးကြော် (Hush Puppies)

–           ဂျုံမှုန့် ၂၅ ဂရမ်၊ ပြောင်းဖူးမှုန့် ၇၅  ဂရမ်၊ ေြွခထားသော ပြောင်းဖူး ၇၅ ဂရမ်၊ ဆား အနည်းငယ်၊ Baking Powder အနည်းငယ်၊ နွားနို့ ၂၀ မီလီလီတာခန့် ထည့်ပြီး သမအောင် နယ်ပါ။

–           အနေတော်အလုံးလေးများလုံးပြီး ဆီအပူချိန် 350˚F မှာ ၃ မိနစ်ခန့် ကြော်ပါ။

၁၄။ ပြောင်းဖူးပူတင်း (Savory Corn Custard)

–           ေြွခထားသောပြောင်းဖူး၊ ကြက်ပြုတ်ရည်တစ်ခွက်၊ ဆား အနည်းငယ်၊ ပဲငံပြာ ရည် အနည်းငယ်နှင့် သကြားအနည်းငယ်တို့ကို ကြိတ်စက်ဖြင့် ကြိတ်ပါ။

–           ခေါက်ထားသော ကြက်ဥ ၄ လုံး၊ ဂျုံ ၁ဝဝ ဂရမ်နှင့် ကြိတ်ထားသော ပြောင်းဖူး အရည်တို့ကို သမအောင် မွှေပါ။

–           ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်ခန့် ပေါင်းပါ။

၁၅။ ဆန်ပြောင်းဖူးခရင်မ် (Corn Risotto)

–           ေြွခထားသော ပြောင်းဖူးစိမ်း ၁ဝဝ ဂရမ်နှင့် ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်တို့ကို ထောပတ် ၂ ဇွန်းခန့်ဖြင့် ၃ မိနစ်ခန့် ချက်ပါ။

–           ဆန် ၁ဝဝ ဂရမ်၊ ဝိုင်အဖြူ ၁ဝဝ ဂရမ်၊ ကြက်ပြုတ်ရည် ၃ဝဝ ဂရမ်၊ ဆား အနည်း ငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ကို ထည့်ပြီး အရည်ခန်းသည်အထိ ချက်ပါ။

–           Permesan Cheese ကို ခြစ်ပြီး ထည့်ပါ။

၁၆။ ပြောင်းဖူးချိစ်ပေါင်မုန့်ကင် (Cheesy Corn Toast)

–           ပေါင်မုန့်ကို မရောနိစ်သုတ်ပြီး အပေါ်မှ ခြစ်ထားသော Chadder ချိစ်၊ ခရမ်းချဉ် သီး အပြား၊ ပြောင်းဖူး၊ ဆားအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို

ဖြူးပါ။

–           Oven ထဲမှာ 400˚F  ဖြင့် ချိစ်များအရည်ပျော်သွားသည်အထိ ၈ မိနစ်ခန့် ဖုတ်ပါ။

၁၇။ ပြောင်းဖူးပဲလွမ်းသုပ် (Corn-Bean Salsa)

–           ပြုတ်ထားသော ပဲလွမ်း၊ ပြုတ်ပြီး ေြွခထားသော ပြောင်းဖူး၊ အတုံးသေးသေး

လေး လှီးထားသော သရက်သီးအမှည့်၊ ကြက်သွန်နီ၊ ပါးပါးလှီးထားသော တရုတ်နံနံ၊ သံပရာရည် အနည်းငယ်၊ ဆား အနည်းငယ်နှင့် သံလွင်ဆီ အနည်းငယ် တို့ကို ဇလုံထဲထည့်ပြီး နယ်ပါ။

၁၈။ ပြောင်းဖူးသုပ်ပေါင်မုန့်ကင် (Corn Crostini)

–           ပြုတ်ပြီး ေြွခထားသော ပြောင်းဖူး၊ အတုံးသေးသေးတုံးထားသော ခရမ်းချဉ်သီး၊ Mozzarella ဒိန်ခဲ၊ ပင်စိမ်းရွက် အနည်းငယ်၊ ဝိုင်ရှလကာရည်နှင့် သံလွင်ဆီတို့ကို သမအောင်နယ်ပြီး ကင်ထားသော ပေါင်မုန့်အပေါ်မှာတင်၍ သုံးဆောင်ပါ။

၁၉။ Mozzarella  ချိစ် ပြောင်းဖူးကွက်ကြော်

(Mozzarella Corn Fritters)

–           ဂျုံမှုန့် ၂၅ ဂရမ်၊ ပြောင်းဖူးမှုန့် ၇၅ ဂရမ်၊ ေြွခထားသောပြောင်းဖူးအစိမ်း ၇၅ ဂရမ်၊ ဆားအနည်းငယ်၊ Baking Powder အနည်းငယ်၊ နွားနို့ ၂၀ မီလီလီတာခန့် ထည့်ပြီး သမအောင် နယ်ပါ။

–           ခြစ်ထားသော Mozzarella ချိစ် ၅၀ ဂရမ်နှင့် Oregano Powder အနည်းငယ် ထပ်မံ ထည့်ပြီး နယ်ပါ။

–           အနေတော်အပြားလေးများလုပ်၍ အိုးထဲကို ထောပတ်သုတ်ပြီး ၂ မိနစ်ခန့် ကြော်ပါ။

၂၀။ ပြောင်းဖူးအချဉ်စိမ် (Corn Relish)

–           ပြုတ်ပြီး ေြွခထားသော ပြောင်းဖူး၊ ငရုတ်ပွအနီ၊ ငရုတ်ပွအစိမ်း၊ တရုတ်နံနံပင် အရိုးနှင့် ကြက်သွန်ဥငယ်တို့ကို အတုံးသေးသေးလေးများ လှီးပါ။

–           ရှလကာရည် စားပွဲစားဇွန်း ၃ ဇွန်း၊ သံလွင်ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် သကြားညို

၁၅ ဂရမ်တို့ကို သမအောင်မွှေပြီး လှီးထားသော ပြောင်းဖူး၊ ငရုတ်သီးတို့နှင့် စိမ်ထားပါ။

–           ပုလင်းလေးထဲ ထည့်ပြီး အချဉ်စိမ်ပါ။

Facebook Comments

Menu