ပဲစင်းငုံချစ်တီးချက်

by ပန်းခရေ for Food Magazine

ပါဝင်ပစ္စည်းများ

ပဲစင်းငုံ  –  ၂၀ ကျပ်သား

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

မုန်ညင်းစေ့  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဂေါ်ရင်ဂျီမဆလာ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးအစိမ်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲနံ့သာစေ့  –  ၁၀ စေ့ခန့်

ငရုတ်ခြောက်တောင့်  –  ၁၀ တောင့်

နနွင်း  –  အနည်းငယ်

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်နီ  –  ၂ ဥ

ကြက်သွန်ဖြူ  –  ၅ မြွှာ

ခရမ်းချဉ်သီးအမှည့်  –  ၁ လုံး

ရုံးပတီသီး  –  ၅ တောင့်

ဘူးသီး  –  ၁ စိတ်

ခရမ်းသီး  –  ၁ လုံး

ပျဉ်းတော်သိမ်ရွက်  –  ၁ ခက်

ဆား  –  လက်ဖက်ရည်ဇွန်း ၃  ဇွန်း

အရသာ  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်နည်း

          ပဲစင်းငုံကို ၁ နာရီခန့် ရေစိမ်ထားပါ။ ပဲပွလာလျှင် အခွံများဖယ်ထုတ်ပြီး ရေဆေးကာ နနွင်းမှုန့် အနည်းငယ်ခတ်ပြီး ပြုတ်ထားပါ။ အသီးအနှံများ ရေဆေးပြီး အရွယ်တော် လှီးဖြတ်ထားပါ။ ဆီပူအိုးပူလာလျှင် ဇီရာနှင့် မုန်ညင်းစေ့တို့ကို ထည့်ကြော်ပါ။ ဖျစ်ဖျစ်မြည်လာလျှင် ကြက်သွန်နီ (လှီးထား)၊ ကြက်သွန်ဖြူ (ဓားပြားရိုက်) နှင့် ပျဉ်းတော်သိမ်ရွက်ကိုြွေခထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီများ ကြွပ်လာလျှင် ငရုတ်ခြောက်တောင့် ထည့်ပါ။ ဂေါ်ရင်ဂျီမဆလာနှင့် ငရုတ်သီးအစိမ်းမှုန့်ကိုခတ်ပြီး နူးနေပြီဖြစ်တဲ့ ပဲအိုးထဲ ဆီသတ်ထားတာတွေကို လောင်းထည့်ပါ။ ဆား၊ အရသာ၊ သကြားထည့်ပါ။ ပွက်ပွက်ဆူလာလျှင် ခရမ်းသီး၊ ဘူးသီးနှင့် ခရမ်းချဉ်သီး လှီးထားတာ ထည့်ပါ။ ၁၅ မိနစ်ခန့်ဆိုလျှင် အပေါ့အငန်မြည်း၍ မီးဖိုမီးပိတ်ပြီးမှ ရုံးပတီသီးလေးတွေကို ထည့်ပါ။ စားကောင်းပြီး အဆင်ပြေပါစေရှင်။

Facebook Comments