ပုစွန်သီးရွက်စုံကြော် (Stir-fried Shrimp Vegetables)

for Food Magazine

ပါဝင်ပစ္စည်းများ

ချင်း  –  ၅ ဂရမ် (ဓားပြားရိုက်ထားပါ)

ကြက်သွန်ဖြူ  –  ၅ ဂရမ် (ဓားပြားရိုက်ထားပါ)

ကြက်သွန်နီ  –  ၄၀ ဂရမ် (၄ စိတ်စိတ်ထားပါ)

မှို  –  ၁၀ဝ ဂရမ်

ပန်းငရုတ်ပွအနီ  –  ၅၀ ဂရမ်

ပန်းငရုတ်ပွအစိမ်း  –  ၅၀ ဂရမ်

ပုစွန်  –  ၁၂၀ ဂရမ်

ရွှေပဲသီး  – ၁၂၀ ဂရမ်

ဂေါ်ဖီပန်း  –  ၁၂၀ ဂရမ်

ပဲပင်ပေါက်  –  ၁၂၀ ဂရမ်

ကြက်သွန်မြိတ်  –  ၂၀ ဂရမ်

ပဲငံပြာရည်  –  စားပွဲဇွန်း ၆ ဇွန်း

ကြက်သားမှုန့် –  စားပွဲဇွန်း ၂ ဇွန်း

နေကြာဆီ  –  စားပွဲဇွန်း ၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နှမ်းဆီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပုစွန်ကို အခွံခွာ၍ ရေဆေးပြီး ဆားနယ်ထားပါ။ ကြက်သွန်နီ ၄ စိတ် စိတ်ထားတာကို တစ်ဖတ်ချင်းစီ ခွာထားပါ။ မီးဖိုပေါ်မှာ ဒယ်အိုးတင်ပြီး အိုးပူလာလျှင် ဆီ စားပွဲဇွန်း

၂ ဇွန်း ထည့်ပါ။ ချင်း၊ ကြက်သွန်ဖြူ/နီတို့ကို တစ်ဝက်လောက်ထည့်ပြီး ဆီသတ်ပါ။ ပုစွန်ထည့်ပြီး ကြော်ပါ။ ပုစွန်အရောင်ရလာပြီဆိုလျှင် ဆယ်ယူပြီး သတ်သတ်ဖယ်ထားပါ။

၂။       အိုးထဲ ကျန်တဲ့ဆီထည့်ပြီး မီးပြင်းပြင်းဖြင့် တည်ပါ။ ဆီပူလာလျှင် ကျန်တဲ့ ချင်း၊ ကြက်သွန်ဖြူ/နီ၊ ကြက်သွန်မြိတ်တစ်ဝက် ထည့်ပြီး ဆီသတ်ပါ။ ဂေါ်ဖီပန်း၊ ရွှေပဲသီး၊ ပန်းငရုတ်ပွ နီ/စိမ်း ထည့်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပါ။ ပဲငံပြာရည်၊ ကြက်သားမှုန့် ထည့်၍ ပဲငံပြာရည်ထဲ သမအောင်ကြော်ပြီး မှို၊ ပုစွန်တို့ကို ထည့်ပါ။ အရသာအပေါ့ အငန်မြည်း၍ အရသာအဆင်ပြေပြီဆိုလျှင် မီးပိတ်ပြီး ပဲပင်ပေါက်ထည့်ပါ။ ကြက်သွန်မြိတ်ဖြူး၍ နှမ်းဆီအနည်းငယ်ဆမ်းပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments